ခြံ၀န်းအကျယ်ကြီးကိုဖြတ်ပြီး အိမ်ရှေ့၀င်ပေါက်အထိရောက်ဖို့ ချွမ်းရွေ့ အတော်လေးလမ်းလျှောက်လာလိုက်ရသည်။အိမ်အပြင်အဆင်ကိုကြည့်ရုံနဲ့တင် ဘယ်လောက်ချမ်းသာလဲဆိုတာ သိနိုင်သည်။
ဒါကြောင့်လည်း အထက်တန်းကျောင်းသားလေးကို စာကူလုပ်ပေးဖို့ ငှားတာကိုတောင် ငှားခကို
မနည်းမနှောပေးတာဖြစ်မည်။ချွမ်းရွေ့သည် စီနီယာမိတ်ဆက်ပေးမှုကြောင့်
ဒီအလုပ်ကိုရခဲ့ခြင်းဖြစ်၏။
သို့သော် သူနည်းနည်းစိုးရိမ်ပါသည်။
သူဌေးတွေက ကဂျီကကြောင်ကျတတ်တာများသည်။သူကလည်း နည်းနည်းလေး
လိုအပ်ချက်ရှိနေသည်လေ။အဲတာကြောင့်ပဲ
အနိုင်ကျင့်ခံရ၊အလှောင်ခံရနဲ့ လူတိုးမဆန့်သည့်
ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးသည်။
ထိုအကျင့်လေးသည်စိတ်လှုပ်ရှားလျှင်ပိုဆိုးသည်။
အခုတောင် ချွမ်းရွေ့ အရမ်းစိတ်လှုပ်ရှားနေသည်။အဲတာတွေထက်အရေးကြီးတာက
ဒီကသူဌေးတွေသည် ချွမ်းရွေ့ကို သဘောမကျလို့ ပြန်လွှတ်လိုက်ရင်ဘယ်လိုလုပ်မနည်း။
သူလက်ရှိလုပ်နေသည့် အချိန်ပိုင်းအလုပ်ကလည်း အဖြုတ်ခံရဖို့ နည်းနည်းလေးပဲလိုတော့သည်။
ကျောင်းဆက်တက်နိုင်ဖို့က ဒီက လခ လေးလိုသည်။အိမ်ကြီးက တခမ်းတနားနိုင်လွန်းပေမဲ့ အလွန်တိတ်ဆိတ်လွန်းသည်။ချွမ်းရွေ့ အိမ်ထဲရောက်သွားတာတောင် ဘယ်သူကိုမှ မတွေ့ရသေး။
ခဏထိုင်စောင့်နေလို့မှ ဘယ်သူကိုမှမတွေ့သေးရင် ပြန်ဖို့ပဲ ချွမ်းရွေ့ဆုံးဖြတ်လိုက်သည်။
စီနီယာပြောတာကတော့ ဒီကကျောင်းသားလေးက အရမ်းဆိုးတဲ့ထဲမပါဘူးဆိုလား။ ဒါပေမဲ့
အရမ်းလိမ္မာတဲ့ထဲလည်း ပါမယ့်ပုံမပေါ်။"ဟို အစ်ကိုလေးကို သင်ပေးမယ့် ဆရာဆိုတာလား"
မီးဖိုခန်းထဲကထွက်လာတဲ့
ကောင်မလေးတစ်ယောက်က
ပြာပြာသလဲ မေးလာတာမို့လို့ ချွမ်းရွေ့မှာ
တောင့်တောင့်လေးခေါင်းငြိမ့်ပြလိုက်ရသည်။"အစ်ကိုလေးက စာကြည့်ခန်းထဲမှာစောင့်နေတယ် ဆရာရဲ့ ဒီဘက်ထဲ ၀င်သွားရင်ရပြီ "