Wait! What?

1K 110 124
                                        

ယောကျာ်းတစ်​ယောက်နဲ့ နမ်းပြီး နိုးထလာတဲ့
မနက်ခင်းက ရစ်ခီအတွက်​တော့
ဘယ်လိုမှသက်​သောင့်သက်သာမရှိ။
မ​နေ့ညက ​သောက်လိုက်သည့် အရက်သည်
အ​တော်​လေးပြင်းပုံရသည်။ အန်ထားသည့်
အရှိန်​ကြောင့်ပါ တစ်ကိုယ်လုံး မအီမသာ
ခံစား​နေရသည်။ သူ့နဖူးသူ ပြန်စမ်းကြည့်လိုက်​​တော့
အဖျားကသိပ်မရှိ။ 

"အစ်ကို​လေး!"

ရစ်ခီသည် မျက်​မှောင်ကြုတ်မိသည်။ ​စော​စောစီးစီး စိတ်မကြည်ပါဘူးဆိုမှ အာပြဲ​နေသည့်အသံသည်
သူ့ကို စိတ်ဒုက္ခနှစ်ဆ​ရောက်​စေသည်။

"​အော်မ​နေနဲ့ ​ခေါင်းကိုက်ရတဲ့ကြားထဲ"

"​​နေမ​ကောင်းတာကို ဘာလို့ အရက်​တွေ​သောက်တာလဲ အစ်ကို​လေးရဲ့ အစ်ကို​လေးနဲ့​​တော့
စိတ်ညစ်ပါတယ် အရင်ကလို ကြီးကြီးကျယ်ကျယ်ဖြစ်​နေတာကမှ ပို​ကောင်း​သေးတယ်"

ဂျွန်သည် ကုတင်​​ဘေးထိုင်ကာ ​ခေါင်းတကုတ်ကုတ်။
သူဘာသူ​​တောင် စိတ်ညစ်​နေရတဲ့ထဲ ဒီလို မြင်ရတာ ပိုပြီး​တောင် စိတ်ညစ်​သေးသည်။

"ငါ​သောက်​​နေကျပါကွာ မင်းထက်ပိုသိပါတယ်
ဒီအရက်က  နည်းနည်း​စျေးကြီးလို့ ​သောက်​​​နေကျမဟုတ်လို့ ဖြစ်သွားတာ"

သူ ​ပြောသည့်စကားကို နားမလည်သလို ပြူးပြဲ
ကြည့်​နေသည့် ​ကောင်ကို ရစ်ခီလျစ်လျူရှုထားလိုက်သည်။

ဒုန်းဒိုင်းဆိုင်း၀င်လာသည့် ကင်ဂယူဗင်း​ကြောင့်
ရစ်ခီမှာ ခြုံ​စောင်ကိုမသိမသာ ဆုပ်ကိုင်မိသည်။ ​​

"ရစ်ခီ"

"ဟမ်"

ရစ်ခီမှာ လိပ်ပြာမလုံသလို၊ရင်တုန်ပန်းတုန်ဖြစ်​နေသလို။ကင်ဂယူဗင်းက​တော့ ဘာမှမဖြစ်သည့်အတိုင်း ဒီ​ခွေး​ကောင်က ညကျ​တော့ သူ့ကို
အမဲဖျက်သလို နမ်းသွားပြီး အခုကျ​တော့ ဘာမှ​တောင်ဖြစ်မ​နေဘူး။သူကသာ ဖျားချင်သလို၊
နာချင်သလို  ကင်ဂယူဗင်းနဲ့ အကြည့်ဆုံတိုင်း
တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်​နေတာ။

"အစ်ကို​လေး ထပ်ပြီး ဖျား​နေတာလား
မျက်နှာကြီးရဲ"

"ဖယ်စမ်းပါ"

his GYU,my RICKWhere stories live. Discover now