အပိုင်း(၁)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
မနက်စောစောစီးစီး အဖေ့ဆီက ဖုန်းဝင်လာသည်။သူပြောသွားတဲ့ အကြောင်းအရာက ကျွန်တော့်အာရုံတွေကို နောက်ကျိသွားစေသည်။သို့ပေမယ့်လည်း အဖေ့အမိန့်ဆိုတော့ မလွန်ဆန်နိုင်ပေ။
"အင်း ခဏနေရင်ရောက်လာတော့မှာပဲ။
အခန်းသန့်ရှင်းရေး လုပ်ထားမှ"လက်ရှိကျွန်တော် နေနေတဲ့ မီနီကွန်ဒိုလေးက ကျွန်ေတာ် မာစတာတန်းတက်နေတဲ့ ကျောင်းနဲ့ နီးတာကြောင့်အဖေက ဝယ်ပေးထားတာ ဖြစ်သည်။
လက်ရှိမှာတော့ ကျွန်တော် တစ်ယောက်တည်း နေနေပေမယ့်
ခဏနေရင်တော့ နောက်ထပ်နေထိုင်မယ့်သူ အသစ်တစ်ယောက် ထပ်ရောက်လာတော့မည် ဖြစ်သည်။ဘာပဲ ဖြစ်ဖြစ် နှစ်ယောက်မျှသုံးရတာက တစ်ယောက်တည်း နေသလိုတော့
လွပ်လပ်တော့မည် မထင်။"တောက် တော်တော်ရှုပ်တဲ့ သူတွေ"
ဧည့်ခန်းဆိုဖာပေါ်က ကျွန်တော့်ရဲ့ ပြန့်ကျဲနေတဲ့ အဝတ်အစားတွေကို ခေါက်ရင်း ၊မကျေမနပ်အတွေးတွေလည်း တွေးရင်း စိတ်တိုလာကာ လက်ထဲက ခေါက်လက်စ,အဝတ်ကို လွှင့်ပစ်လိုက်သည်။
ပြီးမှ ပြန်ကောက်ကာ ပြန်ခေါက်ရသည်။
"ဟူး
ပြီးတော့လည်း ငါပဲ လုပ်ရတာပါပဲ"ထိုအခိုက်
တံခါးခေါက်သံကြားလိုက်ရလေသည်။"ဒေါက် ဒေါက်"
"ဟော လာပြီ ကျက်သရေတုံး"
တံခါးကို ပြေးဖွင့်ပေးရင်းကနေ ပါးစပ်ကလည်း တီးတိုးလေး ကျိန်ဆဲလိုက်မိသည်။
တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် မျက်မှန်လေးနှင့် လူငယ်တစ်ယောက် အခန်းထဲသို့ ဝင်လာလေသည်။
ခပ်ရိုးရိုး ခပ်ရှင်းရှင်း ဆွယ်တာ အင်္ကျီ နှင့် ခပ်ရိုးရိုး ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။
လက်ထဲမှာ ခရီးဆောင်အိတ်ကိုလည်း ကိုင်ကာ ပန်းစည်း တစ်စည်းကိုလည်း ကိုင်လာလေသည်။"ရောက်လာပြီလား"?
"အေး ရောက်လာပြီ။
ရော့ မင်းအတွက် လီလီပန်းလေးတွေ ဝယ်လာတယ်"လက်ထဲသို့ လှမ်းပေးလိုက်သည့် ပန်းစည်းကို လှမ်းယူလိုက်သည်။တစ်ဆက်တည်း အမှိုက်ပုံးထဲသို့ လှမ်းပစ်လိုက်သည်။
"ဟာ မင်းဘယ်လိုလုပ်လိုက်တာလဲ?
ထူးသစ်""အပိုတွေ မလုပ်ကြေးကွာ။
မင်းအမေ ကို ငါ့အဖေက ယူလိုက်လို့ မင်းလည်း မကျေနပ်ဘူး မဟုတ်လား?
ငါလည်း အတူတူပဲ
မင်း အမေကို သိပ်ကျေနပ်နေတာ မဟုတ်ဘူး။
ပြီးတော့ ငါတို့နှစ်ယောက်က ညီအစ်ကို အရင်းတွေလည်း မဟုတ်ဘူး။
ဒီတော့ ဟန်ဆောင်နေစရာလည်း မလိုဘူး ။ဟုတ်ပြီလား"?"ကောင်းတာပေါ့
ငါကလည်း အဲဒီလိုပဲ နေချင်နေတာ။
လွတ်နေတဲ့ အခန်းကို ငါသုံးမယ်"သူပြောချင်တာ ပြောနေပြီမို့ လွတ်နေသည့် အခန်းကို သူ့ကို ပေးလိုက်ရတော့မည်။ မပေးရင်လည်း အိမ်ကို ဖုန်းဆက်တိုင်အုံးမည့် ပုလင်းဖင်လောက် မျက်မှန်နဲ့ ကောင်ပဲ။
"သုံးလေ။
အစားအသောက်လည်း ကိုယ့်ကိစ္စ ကိုယ်ရှင်းနော်""မင်းလည်း မီးဖိုသုံး ပြီးရင် ကိုယ့်ဘာသာကိုယ် အကုန်ရှင်းခဲ့ရမယ်"
"အံမာ ငါက အရင်ကတည်းက နေနေတာပါကွ"
"အရင်ကတည်းက နေနေတဲ့ ကောင်မို့ ကြိုပြောထားရတာ။
အိမ်ကိုလည်း ကြည့်ပါအုံး ဖုန်တွေချည်းပဲ""ဒါနဲ့ မင်းက မြို့ပေါ်ကို ဘာလာ လုပ်တာလဲ"?
"ကျောင်းလာတက်တာပေါ့ကွ"
"ဘယ်ကျောင်းလဲ
မင်းတက်နေတာ""မင်း အလုပ်မဟုတ်ပါဘူး။
ငါ့အခန်းထဲ ငါသွားတော့မယ်။
အိမ်သန့်ရှင်းရေးက တစ်ပတ် တစ်ယောက်နော်""သည်တစ်ပတ် မင်းလုပ်လိုက်'
သန့်ရှင်းရေးကို သူ့ကို လုပ်ခိုင်းပေမယ့် ဘာစကားမှ မတုံ့ပြန်ပဲ သူ့အခန်းထဲသို့ ဝင်ချသွားလေသည်။
"အချိုးကို မပြေဘူး။
ငါ_ိုးမ နေကာကျော်။
_ီးလို ငါသွားလေရာ လိုက် လိုက်နေတာလား?.
.............
Author Thinn Thinn Su Hlaingဒါလေးက shorts stories လေးပါ.........
YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
Short Storyမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။