part(11)

4.9K 288 17
                                    

အပိုင်း(၁၁)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
ကွန်ဒို တိုက်ခန်း၏ရှေ့ဝယ် ခြေစုံရပ်လိုက်သည်။‌ေကျာင်းမှာလက်တွေ့ဆင်းခဲ့ရတာ ပင်ပန်းပေမယ့်  တိုက်ခန်းနှင့်နီးလာလေလေ ပင်ပန်းလာတာကို မေ့သွားလေလေပါပဲ။

အခန်းတံခါးကို ဖွင့်ပြီး ဝင်သွားလိုက်ရင် "မင်းပြန်လာပြီလား"?
လို့ မေးမယ့်သူတစ်ယောက် က သေချာပေါက် ရှိနေပြီ ဆိုသည့် အသိသည်ကျွန်တော့် နှလုံးအိမ်လေးကို ကြည်နူးချမ်းမြေ့သွားစေသည်။

ပြီးတော့
ခြေချလိုက်သည့် နေရာတိုင်းမှာလည်း ဖုန်တွေ ကင်းစင်နေလိမ့်မည်။
နောက်ပြီး
ပူပူနွေးနွေး ထမင်း၊ဟင်းတွေ၏ အနံ့တွေကလည်း ကျွန်တော့်ကို ဆီးလို့ ကြိုဆိုနေလိမ့်မည်။

"မင်း ဗိုက်ဆာလာပြီလား?
ငါမင်းကြိုက်တတ်တဲ့ ဟင်းတွေ ချက်ထားတယ်။ ရေချိုးပြီးရင် အတူတူ စားရအောင်နော်"

လို့ ပြောမည့် သူ တစ်ယောက်လည်း ရှိနေလိမ့်မည်။

အရင်တုန်းကတော့ စကားဟက်ဟက်ပက်ပက် မပြောဖြစ်ခဲ့ပေမယ့် တွဲပြီးသည့် နောက်ပိုင်းမှာတော့ သူစာမကြည့်ခင် ကျွန်တော် နှင့် စကားပြောဖို့အတွက် သီးသန့် အချိန်ပေးလာသည့် ကောင်လေးလည်း ရှိ‌ေနပြီ။

ကျောင်းမှာ ဖြစ်ပျက်ခဲ့သမျှ မုန့်ဝယ်သည့် ကိစ္စက အစ၊ကျောင်းအိမ်သာတွင် ရေပြတ်လပ်သည့် ကိစ္စအဆုံး အားလုံးကို ထိုကောင်လေး၏ အရှေ့၌ ရင်ဖွင့်လို့ ရနေလေပြီ။

အတွေးတွေတွေးရင်း အခန်းတံခါး၏ လျှို့ဝှက်နံပတ်ကို ရိုက်ထည့်လိုက်သည်။

အခန်းတံခါးက ပွင့်သွားသည်။

အခန်းထဲသို့ အသာလေး လှမ်းဝင်လိုက်သည်။
"ဟင် အဖေရောက်နေတာပဲ"

အဖေက ကျွန်တော်ဝင်လာရာ တံခါးပေါက်ကို ကျောပေးကာ ထိုင်နေလေသည်။နေကာကျော်ကလည်း တံခါးပေါက်ကို ဘေးစောင်းပေးကာ ထိုင်နေလေသည်။

ဖျတ်ကနဲ ကျွန်တော် ခန်းဆီးလိုက်ကာတွေကြားထဲသို့ တိတ်တိတ်လေး ဝင်ပုန်းလိုက်သည်။

ခိုးပြီး နားထောင်တာ မဟုတ်ပေမယ့် သူတို့နှစ်ယောက် ကျွန်တော် မရှိသည့် အချိန်၌ ဘာတွေ ပြောနေကြသလဲ ဆိုတာ ကျွန်တော် သိချင်သည်။

မိထွေးရဲ့သားကို ချစ်မိသွားပြီWhere stories live. Discover now