အပိုင်း(၁၃)ဇာတ်သိမ်းပိုင်း
မိေထွးရဲ့သားကို ချစ်မိသွားပြီ
"ဟိုရှေ့က စိန်ပန်းပင်တန်းမှာ ကားရပ်လိုက်"
နေကာကျော်၏ စကားကြောင့် ကားမောင်းနေရင်းကနေ နေကာကျော်၏ မျက်နှာကို လှည့်ကြည့်လိုက်မိသည်။
ကျွန်တော့်ကို ပြုံးပြုံးကြီး ငေးကြည့်နေလေသည်။အဲဒီ အပြုံးနှင့် အကြည့်တွေ ကြောင့်ပဲ ကျွန်တော်လည်း သူပြောသည့် စိန်ပန်းပင်တန်း၏ အောက်သို့ ကားကို ထိုးရပ်လိုက်လေသည်။
"ဘာဖြစ်လို့လဲ?
မင်းရော တစ်လှည့် မောင်းကြည့်ဦးမှာလား"?"မဟုတ်ပါဘူး။
ဒီနားလေးက သစ်ရိပ်၊ဝါးရိပ်လည်း ရှိတယ်။လမ်းမကြီးရဲ့ ဘေး ဆိုတော့ အမြန်ကားတွေပဲ ဖြတ်သွားကြတာမို့လို့ ကားဒိတ် လုပ်ရအောင်လို့ ရပ်ခိုင်းလိုက်တာ""ဪ မင်းအကြံ ဒါ အကုန်ပဲလား?
ပြောပါဦး။ဒါကြောင့် အမြန်လမ်းမပေါ် မောင်းလို့ မင်းပြောခဲ့တာကိုး"နေကာကျော်က သူပြုံးနေကျ ပုံစံ ကြီးအတိုင်း မိန့်မိန့်ကြီး ပြုံးလိုက်သည်။
အိမ်မှာ အိမ်မှုကိစ္စမှန်သမျှ သူအကုန်ကျွမ်းကျင်သည်။ကျောင်းမှာ စာတော်သည်။
လူကြီးနှင့် ဘယ်လို ဆက်ဆံရမယ်။
လူငယ်နှင့် ဘယ်လို ဆက်ဆံရမယ်။
သူအကုန်သိသည်။
အမြဲတမ်း လူတွေနှင့် ရောနှောနေတတ်တာမျိုး မဟုတ်ပေမယ့် အထီးက်န်နေတဲ့ ၊ဝမ်းနည်း အားငယ်နေတဲ့ ပုံစံမျိုးလည်း မဟုတ်ပေ။
သူ့ကိုသူ အမြဲတမ်း ယုံကြည်မှု ရှိသည့် ပုံပေါက်အောင် နေတာမျိုး မဟုတ်ပဲ တစ်ကယ် ယုံကြည်မှု ရှိနေတာမျိုး ဖြစ်သည်။"ငါ မင်းကို ဘာမှ မကြံစည်ပါဘူး။
မင်းဆီမှာ ကျန်နေတဲ့ အနမ်းအကြွေးလေး တောင်းချင်ရုံပါ။
ပေးမှာလား"?ကျွန်တော် သူ့ကို ခပ်တည်တည် လုပ်ကာ ကြည့်နေရာမှ ဘယ်လိုမှ မနေနိုင်တော့ပဲ သူ့ပခုံးပေါ်ကို မှီချလိုက်သည်။
"ပေးမှာပေါ့။
ပေးချင်နေတဲ့ဟာကို"ကျွန်တော်က သူ့ပခုံးလေးပေါ်မှာ မှီပြီး ကြည်ကြည်နူးနူးလေးပြောလိုက်ပေမယ့် နေကာကျော်က ဗြုန်းဆို ကျွန်တော့်ကို ခပ်ကြမ်းကြမ်းလေး ဆွဲလှဲလိုက်လေသည်။
YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
Short Storyမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။