အပိုင်း(၁၀)
မိထွေးရဲ့သားကို ချစ်မိသွားပြီ
နောက်ကျောပြင်ကို မြင်ရတာနဲ့တင် ဆွဲဆောင်နိုင်နေတာလား ဒါမှ မဟုတ် ကျွန်တော် ချစ်ရသည့် လူသား တစ်ယောက်ဖြစ်နေလို့ နေကာကျော်က ကျွန်တော့်ကို ဆွဲဆောင်နိုင်နေတာလား ?။သေသေချာချာ မသိပေမယ့် အေပရွန် ဝတ်ကာ မနက်စာပြင်ဆင်နေသည့် နေကာကျော်၏ နောက်ကျောကို ဖက်ပြီး သူ့ပခုံးပေါ် ခေါင်းကို မှီထားလိုက်သည်။"ဒီနေ့ အစောကြီး နိုးလာတာပဲ"
"ဟုတ်တယ်"
"အိပ်ရေးပျက်မှာ စိုးလို့ ငါမင်းကို မနှိုးခဲ့တာ။ဒီနေ့ ဘယ်သွားစရာ ရှိလို့လဲ"?
"လက်တွေ့ဆင်းရမှာ"
"ဒါဖြင့်လည်း ရေချိုးချေလေ။
ပြီးရင် မနက်စာစားပြီးမှ သွား""အင်းပါ။
ခဏလေး ဒီအတိုင်းလေး ခဏ ဖက်ထားချင်လို့ပါ"ကျွန်တော်က သာမန်ဆို မချွဲတတ်ပေမယ့် ဘာကြောင့်ရယ် မသိ နေကာကျော့်ကို မြင်ရင်ကို ချွဲချင်လာသည်။
နေကာကျော့်ကို မြင်ရင် သူ့ရင်ခွင်ထဲ ပြေးဝင်ချင်လာသည်။
နေကာကျော့်ကို မြင်ရင် သူ့ပခုံးပေါ်မှီချင်သည်။
နေကာကျော့်ကို မြင်ရင် သူ့ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ချင်လာသည်။
နည်းနည်းလောက် စိတ်ညစ်စရာ ရှိရင်တောင် နေကာကျော်နှင့်ဆို ချဲ့ကားပြောဆိုကာ ချွဲနွဲ့မှီခိုချင်မိသည်။ကျွန်တော့်တွင် နေကာကျော့်ကို အားကိုးချင်သည့် ရောဂါ စွဲကပ်စ,ပြုလာနေပြီဟု တွေးမိသည်။
"လာ အာဘွားပေးမယ်"
"အဟွန်း
မျက်နှာ မသစ်ရသေးဘူး""ဟင်
ကလေးလေး လို လုပ်နေတာပဲ။
ကလေးလေး။
ကလေးလေး။""ငါက
မင်းရဲ့ ကလေးလေးပဲ မဟုတ်ဘူးလား?
မနက်စာလည်း ကိုယ့်ဘာသာကိုယ် မချက်တတ်တဲ့ ကလေးလေး""ဟင်"
"ကျောင်းစာလည်း တစ်ယောက်တည်းဆို မကြိုးစားချင်တဲ့ ကလေးလေး"
"အင်း ပြောပါဦး"
"မင်းမရှိရင်
ညတိုင်း ဘားထိုင် ကလပ်တက်တဲ့ ကလေးလေး"
![](https://img.wattpad.com/cover/369480899-288-k358354.jpg)
YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
Short Storyမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။