အပိုင်း(၃)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
နားထဲမှာ တစ်ချက်၊တစ်ချက် တိုးဝှေ့လာသည့် ရယ်သံလွင်လွင်လေးကို ကြားရသည်။တိုးတိုးညှင်းညှင်းလေးဆိုပေမယ့် တိတ်ဆိတ်နေသည့် နံနက်အချိနိမို့များ ကျွန်တော် ကြားရဖို့ အထိ လုံလောက်နေတာများလား လို့ တွေးမိသည်။စားပွဲတင်နာရီလေးကို မျက်စိဖွင့်ကာ ကြည့်လိုက်မိသည်။
နံနက်(၇)နာရီ (၅)မိနစ်ခန့်စွန်းစွန်း၊
ပိတ်ရက်ဆိုပြီးတော့ နေ့လယ်အထိ အိပ်ပစ်မယ်လို့ ဆုံးဖြတ်ထားပေမယ့် နိုးလာပြီဆိုတော့ ထ,မှ ဖြစ်မည်။
ရေမိုးချိုး နံနက်စာစားပြီးမှ ပြန်အိပ်လည်း ရတာပဲ ဟု တွေးလိုက်မိသည်။ကုတင်ပေါ်က ဆင်းလိုက်ချိန်၌ တံခါးခေါက်သံကြားရသည်။
"ဒေါက်
ဒေါက်""ထူးသစ်
ထူးသစ်
ငါဝင်လာခဲ့မယ်""အေး"
"ကျွီ"
တံခါးက ပွင့်လာပြီး အခန်းထဲသို့ ဝင်လာသော နေကာကျော့်ကို မြင်လိုက်ရသည်။
မြင်နေကျ အတိုင်းပါပဲ
မျက်မှန်ရယ်၊
နဖူးပေါ်တိုတိနေသည့် ဆံပင်ရယ်။
ဘာမှ မထူးခြားသော ဆွယ်တာ အင်္ကျီအရောင်နှင့် သူဝတ်နေကျ ဒီဇိုင်းနှင့် ဂျင်းဘောင်းဘီ တစ်ထည်ကို ဝတ်ဆင်ထားလေသည်။"ဘာလဲ"?
"ငါ့အမေ ရောက်နေတယ်"
"အဲဒီတော့ ငါက အခမ်းအနားနဲ့ ကြိုရမှာလား"?
"အမေက ငါတို့နှစ်ယောက်ဆီ လာလည်တာ။ငါက မင်းကို အသိပေးရုံပဲ။ ထွက်တွေ့တာ မတွေ့တာ မင်းအပိုင်း"
"ဂျိန်း"
တံခါးကို စောင့်ပိတ်ကာ ထွက်သွားသည်။
ဒီကောင် နေကာကျော်က အဲဒီအတိုင်းပင် စိတ်ထားလေးက မဆိုးပေမယ့်
တိုတို ပြတ်ပြတ် ပြောတတ်၊လုပ်တတ်သည်က သူ့သင်္ကေတ တစ်ခု။ကျွန်တော်ကကျ တမင်သက်သက်ကို ဂျစ်တိုက်နေသည့် ဂျစ်တူးကောင်။
ဒီလို ယောက်ျားလေး နှစ်ယောက်ကို အတူတကွ နေခိုင်းတာ အဖေ့ရဲ့ ရင်းနှီးစေချင်သည့် စိတ်သက်သက်ပင် ဖြစ်လိမ့်မည်။
YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
Short Storyမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။