part (04)

7.8K 442 30
                                    

အပိုင်း(၄)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
ဗုိက်ထဲက စူးကနဲ အောင့်တက်လာတဲ့ ခံစားချက်ကြောင့် ချက်ချင်းနိုးလာသည်။
သေချာပြီ အစာအိမ်ရောဂါက ထ,ဖောက်ပြီ။ညနေကလည်း တစ်ညနေ လုံး နေကာကျောင်၏ အခန်းရှေ့မှာ အော်ဟစ်သောင်းကျန်းခဲ့သည်။
ပြီးတော့ မောပန်းသွားတာကြောင့် ထိုးအိပ်ပစ်လိုက်မိသည်။
ညနေစာ မစားလိုက်ရ။

နေကာကျော်တစ်ယောက်ကတော့ အံ့ဩ လက်ဖျားခါလောက်အောင် ကို သူ့အခန်းထဲမှာ ငြိမ်ပြီး စာကြည့်နေခဲ့ပုံ ရသည်။
အသံကုန်အော်ဟစ် ဆဲဆိုနေတာကိုတောင် တစ်ချက်ကလေးမှ မတုံ့ပြန်ပေ။

"အား ....အ.... အ"

ချက်ချင်းဆိုသလို စူးကနဲ ၊စူးးကနဲ အောင့်လာပြီး လက်ဖျား၊ခြေဖျားတွေပါ သွေးဆုပ်လာသည်။
တစ်ကိုယ်လုံး မလှုပ်နိုင်လောက်အောင် အားအင် ဆုတ်ယုတ်လာကာ ချွေးစေး၊ချွေးပေါက်တွေပါ ထွက်လာသည်။

"ဆေးသောက်မှ ဖြစ်မယ်"

ကုတင်ပေါက်ကနေ လက်ထောက်ပြီး အားယူကာ ဆင်းလိုက်သည်။

"ဝုန်း"

ခန္ဓာကိုယ်၏ ဝန်ကို လက်နှစ်ဖက်က မနိုင်တော့ပဲ ခန္ဓာကိုယ် တစ်ခုလုံး ဝုန်းကနဲ ကုတင်အောက်ကို ပစ်ကျသွားသည်။

"အင့်....
အီး....
အား...... အား"

နေကာကျော့် ကို လှမ်းပြီး အကူအညီတောင်းလိုက်ရမလား လို့ စဉ်းစားမိသည်။အတွေးထဲမှာပင် မေ့ပစ်လိုက်ရမည့် အကြံ ဖြစ်သည်။

ကျွန်တော့်ရဲ့ အားနည်းချက်ကို နေကာကျော့် ဆီမှာ အသိမခံချင်ပေ။

ဆေးက နံရံကိုကပ်ထားတဲ့ မှန်ဗီရို က အံဆွဲလေးထဲမှာပဲ ။အဲဒီနေရာက နီးနီးလေး။ရောက်အောင် သွားနိုင်ဖို့ပဲ လိုတာ။

"အား .....

အီး....
အီး"

ခန္ဓာကိုယ်အောက်ပိုင်းက လုံးဝ အားထုတ်လို့ မရအောင် အထိ ဗိုက်ထဲက စူးပြီး အောင့်နေတာကြောင့် လက်နှစ်ဖက်ကိုပဲ အားပြုကာ ကြမ်းပြင်ပေါ်မှာ တရွတ်ဆွဲပြီး တွားသွားနေမိသည်။

"ကျွီ"

"ဖျောက်"

အခန်းတံခါး ဖွင့်သံရယ်။
အခန်းမီးဖွင့်လိုက်သံရယ်။
အခန်းထဲ လင်းထိန်သွားတာရယ်။
အခန်းထဲကို နေကာကျော်ဝင်ရောက်လာတာရယ် က တစ်ပြိုင်တည်း လိုလိုပင်။

မိထွေးရဲ့သားကို ချစ်မိသွားပြီWhere stories live. Discover now