part (8)

7.8K 313 7
                                    

အပိုင်း(၈)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
အမေက ကျွန်တော့်ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်နေခဲ့တယ်။

"အမေ ဘယ်ကိုသွားနေတာလဲ?
သား အမေ့ကို လွမ်းနေတာ"

"သားလေး ထူးသစ် ထ,တော့လေ
ထ,ထ,ဆေးသောက်ရအောင်"

"ဟင့်အင်း သားဆေးတွေ မသောက်ချင်တော့ဘူး အမေ့ နားပဲ နေချင်တော့တယ်"

ဘာလို့မှန်းမသိ အမေက အဝေးကြီးကနေ ပြန်ရောက်လာသလို ခံစားရသည်။
အမေပြန်ရောက်လာပြီဆိုတော့ နောက်ဆို ကျွန်တော် တစ်ယောက်တည် း ကြောက်ကြောက်နဲ့ မအိပ်ရတော့ဘူး။

အမေက ဖက်ထားပေးတော့မှာ။
အမေက ပုံပြင်ပြောပြီး သိပ်ပေးတော့မှာဟု တွေးကာ ပျော်နေမိသည်။

"သား အမေ့ကို အရမ်းလွမ်းတယ် အမေ"

"ထူးသစ်
ထူးသစ်
ထ,ဦး ၊ခဏ ထ,ဦးနော်။"

ရုတ်တရက် ယောက်ျားလေး တစ်ယောက်၏ အသံကို ကြားလိုက်ရတာမို့ အမေနှင့် တွေ့နေရာကနေ လန့်သွားသည်။မျက်လုံးကိုဖွင့်ပြီး ကြည့်လိုက်တော့ ကျွန်တော့်ကို မိုးပြီး ငုံ့ကြည့်နေသူက နေကာကျော်ဖြစ်နေလေသည်။

ဒီကောင် နေကာကျော်က ဘာမို့လို့ ငါ့ကို လာနှိုးပြီး နှောင့်ယှက်နေရတာလဲ ဟု တွေးကာ တစ်ကိုယ်လုံး သွေးတွေဆူပွက်လာကာစပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။

ဝုန်းကနည်း ထ,ထိုင်ကာ ထိုးမလို့ ဟန်ပြင်လိုက်သည်။

"ညက ကျွန်တော့် ချစ်သူလေး ပင်ပန်းပြီး အစောကြီး အိပ်ပျော်သွားတာမို့၊
မနှိုးရက်လို့ ထိုင်ကြည့်နေတာ ။
ထ,လေ ။ညစာ မစားရသေးဘူး မဟုတ်လား??"

နားထဲသို့ ချိုမြနေသည့် နေကာကျော်၏ အသံက ဝင်လာတော့မှ
ဪ ဟုတ်ပေသားပဲ ငါနဲ့ နေကာကျော်က ချစ်သူတွေတောင် ဖြစ်နေကြပြီ။

ပြီးတော့
ညကလည်း ဟိုဟာလုပ်ပြီးသွားပြီ ဟုသတိရမိသည်။
ထို့‌ေနာက်
ညက အဖြစ်အပျက်တွေကို ပြန်တွေးမိကာ ရင်ထဲ တသိမ့်သိမ့် ကြည်နူးပြီး ရှက်သွေးဖြာမိပြန်သည်။

"အခုက ဘယ်အချိန်လဲဟင်
ငါ ညက ဗိုက်လည်း မနာဘူးဗျာ"

"အဟွန်း
အခုမှ ည ၁၁နာရီပဲ ရှိသေးတာ ။
ဘယ်လိုလုပ် ဗိုက်နာပါ့မလဲ?
ခဏနေရင်တော့... ကျွန်တော့်ကောင်လေး အသည်းအသန် ဗိုက်အောင့်လာတော့မှာ"

မိထွေးရဲ့သားကို ချစ်မိသွားပြီWhere stories live. Discover now