အပိုင်း(၅)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
ကျောင်းကနေ အိမ်ကို ပြန်လာသည့် လမ်းတစ်လျှောက်လုံး တက်ကြွလာခဲ့ပေမယ့် အိမ်ယာဝန်း၏ရှေ့တည့်တည့်ကို ရောက်လာသောအခါ ရှက်သလိုလို ဖြစ်လာသည်။အဆင့်တက်လာအောင် လုပ်ရင် ဖြေပေးမယ် ဆိုလို့ အဆင့်တက်လာအောင် ကြိုးစားလာတာလည်း ကျွန်တော်ပါပဲ။ဒါပေမယ့် သိချင်လွန်းလို့ အဆင့်တက်လာအောင် လုပ်လာတယ်လို့ အထင်ခံရမှာလည်း ရှက်မိပြန်သည်။
ကျွန်တော်တို့ နေသည့် မီနီကွန်ဒိုက ဒုတိယထပ်မှာမို့ လှေကားအတိုင်း အ
ေပါ်ကိုတက်သွားရင်း နေကာကျော့်ကို ဘယ်လို မျက်နှာထားနှင့် ပြောရမှာလဲ ဟု တွေးကာ စိတ်ထဲ လွန်ဆွဲနေမိသည်။အပေါ်ထပ်ကို ရောက်ခါနီး ကျမှ ဆက်မတက်တော့ပဲ လှေကားထိပ်မှာ ခဏ ထိုင်နေလိုက်မိသည်။
"နေကာကျော့်မှာ ကောင်လေးရှိတော့ရော၊ငါက ဘာလုပ်မှာမို့လဲ?ကောင်လေး မရှိတော့ရော ငါက ဘာလုပ်မှာမို့လဲ?"
"ဘာလဲ နေကာကျော့်လို လူတစ်ယောက်မှာ ခံစားတတ်တဲ့ အသည်းနှလုံး ရှိ၊မရှိ ငါသိချင်လို့ပဲဟာ။
အာ ...ဘာတွေ လျှောက်စဉ်းစားပြီး ရှက်မိနေတာလဲ ?"ဟုတ်တယ်။
နေကာကျော့်မှာ အသည်းနှလုံး မရှိဘူး။
နေကာကျော့်ကို ကြည့်လိုက်ရင် စက်ရုပ်တစ်ရုပ်လိုပဲ လှုပ်ရှားနေတတ်တာကို အမြဲ လိုလို မြင်နေရတာပါပဲ ဒါကို အတည်ပြုဖို့ သူ့မှာ ကောင်လေး ရှိ၊မရှိ သိရဖို့လိုတယ် ဟုတွေးကာ ထိုင်နေရာမှ ထ,လိုက်သည်။အခန်းတံခါးကို ဖွင့်ပြီး အိမ်ထဲဝင်လိုက်တော့ ဟင်းအနံ့ရသည်။နေကာကျော် တစ်ယောက် ဟင်းချက်နေသည်ထင်သည်။
ချက်ချင်းပဲ မီးဖိုခန်းထဲသို့ ဝင်လိုက်သည်။
"ပြန်လာရင် ထမင်းစားတော့။
ဟင်းက ကျက်နေပြီ။
ချရုံပဲ"ချက်လက်စ ဟင်းအိုးထဲကို နံနံပင်တွေ ထည့်နေရင်းက လှမ်းပြောသည်။
"ငါ အခုပြီးသွားတဲ့ စာမေးပွဲမှာ
အဟမှးအဟမှး
အဆင့်တက်လာပြီ"စကားပြောနေရင်း အသံက တိမ်ဝင်သွားသေးသည်။ချောင်းဟန့်ပြီးမှ ဆက်ပြောလို့ရသည်။
YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
Short Storyမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။