part (06)

7.8K 430 37
                                    

အပိုင်း(၆)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
ဒီနေ့ကျ အဆင့်တက်လာတဲ့ အကြောင်းကို အိမ်ရောက်ရင် နေကာကျော့်ကို ချက်ချင်းပြောမည်ဟု တွေးလိုက်မိသည်။
ဒါဆို နေကာကျော့်ဆီက အဖြေရမည်။
နေကာကျော်နှင့် ချစ်သူဖြစ်တော့မည်။
ချစ်သူဖြစ်လျှင် တစ်အိမ်တည်း အတူနေကြတာမို့ ဆင်ဆင်ခြင်ခြင်နေဖို့ကိုလည်း ကျွန်တော့်ဘက်က ကြိုတင် စဉ်းစားထားရမည်။

တစ်,အချက်က နေကာကျော့် အခန်းထဲသို့ စွတ်ပြီး ဝင်မသွားမိရန် ၊
နှစ်,အချက်က ညအိပ်ချိန်ဆို နေကာကျော် တံခါးခေါက်လည်း တံခါး ဖွင့်မပေးရန် ဆိုပြီး ကိုယ့်အတွေးနှင့်ကိုယ် အစီအစဉ် ချကာ အိမ်ယာဝန်း၏ အရှေ့၌ ရပ်လိုက်သည်။

"ဟင် အဖေ့ကား ရောက်နေတာပဲ။
ဒါဖြင့် အဖေနဲ့ ဟိုမိထွေးမ,ရောက်နေတာလား မသိဘူး။
အဖေ့ကိုလည်း အဆင့်တက်လာတဲ့ အကြောင်း ဖုန်းဆက်ထားတော့ မုန့်ဖိုးပိုပေးမလို့များလား?။"

ထိုအတွေးကြောင့် လူက ပိုပြီး ပျော်ရွှင်သွားရသည်။ဓာတ်လှေကားထဲသို့ ဝင်လိုက်ကာ ဒုတိယထပ်သို့ ခလုတ်နှိပ်လိုက်သည်။

"အဖေက ငါ့ဆီလာတာရော ဟုတ်လို့လား?
ကျောင်းဆင်းချိန်တောင် မရောက်သေးတာကို"

သည်နေ့ကျမှ ကျွန်တော်လည်း နေကာကျော့်ကို အသိပေးချင်လို့ ကျောင်းကနေ အစောပြန်လာတာမို့ အဖေက ကျွန်တော့်ဆီ လာတာ ဟုတ်၊မဟုတ် ဇဝေဇဝါ ဖြစ်မိသည်။

တွေးရင်းနှင့်ပင် ကွန်ဒိုခန်း၏ရှေ့ကို ရောက်လာသည်။တံခါးက လျှို့ဝှက်နံပါတ်တွေကို ရိုက်ထည့်လိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။
အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းထဲ၌ မည်သူမှ ရှိမနေပေ။

"ဟင် ဘယ်သူမှလဲ မရှိပါ့လား"?

ထိုအခိုက် မီးဖိုခန်းနှင့် တွဲရက် ထမင်းစားခန်းဆီမှ အဖေ့အသံကို ကြားရလေသည်။
သို့နှင့်
ထမင်းစားခန်းဘက်သို့ လျှောက်လာခဲ့သည်။အဖေ့့အသံကို ပိုပြီး ပီပီသသ ကြားလာရလေသည်။

"မောင်နေကာကျော့်ကိုပဲ ကျေးဇူးတင်ရမယ်။ဒီ လပိုင်း အတွင်း ထူးသစ်ကို ဘယ်လိုများ ပြောင်းလဲပေးလိုက်တာပါလိမ့်"

မိထွေးရဲ့သားကို ချစ်မိသွားပြီWhere stories live. Discover now