အပိုင်း(၂)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
သည်တစ်ပတ် သူ သန့်ရှင်းရေး လုပ်ရမယ့် အလှည့် ဖြစ်သည့် အတွက် ကျွန်တော့် အခန်းမှ လွဲ၍ အိမ်၏ အခြားနေရာများ ဖြစ်သော သန့်စင်ခန်း၊ရေချိုးခန်း၊ဧည့်ခန်း၊ဝရံတာ၊မီးဖိုနှင့် ထမင်းစားခန်းတွဲရက် အခန်းတို့ကို ဖုန်တစ်စက်မှ မရှိအောင် သန့်ရှင်းရေး လုပ်ထားေလသည်။အိပ်ရာက နောက်ကျမှ ထတတ်သည့် ကျွန်တော့်အတွက်တော့ ရှင်းလင်းနေသည့် ဧည့်ခန်းက အံ့ဩစရာပင်။
အံ့ဩစရာ အကောင်းဆုံးက မီးဖိုခန်းထဲက ထမင်းနံ့ပင်ဖြစ်သည်။
တစ်ယောက်တည်း သမားလည်း ဖြစ်သည့် ကျွန်တော်က အပြင်မှာ ထွက်စားတာများသည်။ခုလို မနက်ခင်းလေးမှာ ဆန်ကောင်းကောင်းနှင့် ချက်ထားသည့် ထမင်းနံ့က ဘာနှင့်မျှမတူ ကျွန်တော့်ကိုဆာလောင်မွတ်သိပ်အောင်ဆွဲဆောင်နေလေသည်။
မီးဖိုခန်းထဲသို့ ကဗျာကယာ ဝင်ချလာသည့် ကျွန်တော့်ကို နေကာကျော်က တစ်ခုခုကို ကြော်နေရင်းကနေ တည်တည်ငြိမ်ငြိမ်ဖြင့် လှည့်ကြည့်သည်။
"အား မွှေးလိုက်တာ ဘာတွေ ကြော်နေတာလဲ?"
ပါးစပ်ကသာ မေးနေပေမယ့် မျက်လုံး က အိုးထဲကို အလိုလို လှမ်းကြည့်မိရက်သား ဖြစ်သွားသည်။
အလို!
ဝက်အူချောင်းတွေ ကြော်နေတာပါ့လား?မွှေးလိုက်တာ ထမင်းပူပူလေးနှင့် ဝက်အူချောင်းကြော်လေး စားလိုက်ရရင်တော့ ဘယ်လောက်တောင် ကောင်းလိုက်မလဲလေ လို့ တွေးကာ သွားရည်ကျမိသည်။ဒါပေမယ့် သူတစ်ယောက်တည်း ပြင်ဆင်ချက်ပြုတ်ထားသည့် မနက်စာကို ကျွန်တော့်ကို ကျွေးပါ့မလား?။
ခုမှ အိပ်ရာက ထ,လာပြီး ဘာမှ ကူမလုပ်ပဲ စားချင်နေမိသည့် အတွက် လိပ်ပြာမလုံပဲ တွေတွေကြီး ရပ်နေမိလေသည်။
နေကာကျော်ကတော့ သေသပ်သွက်လက်စွာ ထမင်းနှစ်ပန်းကန် ထဲသို့ ထမင်းပူပူလေးတွေကို ခူးခပ်ပြီး ထည့်နေလေသည်။
ဝက်အူချောင်း စိုစို၊အိအိ ၊ထွားထွား ၊မွှေးမွှေးကြီးတွေကိုပါ ပန်းကန်တစ်ခုထဲသို့ ခပ်ထည့် လိုက်လေသည်။
![](https://img.wattpad.com/cover/369480899-288-k358354.jpg)
YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
Short Storyမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။