အပိုင်း(၇)
ထူးသစ်ဆီက ပြန်ထူးသံ မကြားရသည်မို့ ဒီကောင်လေး ကျွန်တော့်ကို စိတ်ပြေရဲ့လား?
မပြေသေးတာလား?
တမင်သက်သက် စိတ်ကောက်နေတာလား?
ဒါမှ မဟုတ် တစ်ကယ်ပဲ ကျွန်တော့်ကို ငွေရလိုမှု သက်သက်နဲ့ သူ့ဆီ ချဉ်းကပ်တဲ့ ယောက်ျား တစ်ယောက်လို့ များ ထင်နေပြီလား ဟု တွေးကာ ထူးသစ်၏ အခန်းရှေ့၌ ထိုင်စောင့်နေမိသည်။စ,တွေ့တုန်းက ထူးသစ်၏ မျက်နှာ သွယ်သွယ်လေးကို အချိန်အတန်ကြာ ခိုးပြီး ငေးမောနေမိခဲ့သည်။
မှတ်မှတ်ရရ ကျွန်တော် ဒီအိမ်ကို စ,ရောက်တဲ့ နေ့မှာပေါ့။အမေ့ရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ ဦးလေးက ထူးသစ်နဲ့ မိတ်ဆက်ပေးတဲ့ နေ့လည်း ဖြစ်သလို၊ကျွန်တော်တို့ သားအမိနှစ်ယောက်လုံး ထူးသစ်တို့ အိမ်ကို စ,ရောက်သည့် နေ့လည်း ဖြစ်သည်။
သူ့အဖေ၏ ရှေ့၌ ပြုံးပြုံး ပြုံးပြုံး ဖြင့် လိမ်မာယဉ်ကျေးသလောက် သူ့အဖေ ရော၊ကျွန်တော့်အမေပါ မရှိသည့် အချိန်မျိုး ဆို ကျွန်တော့်ကို အမြဲ ရန်စ,နေလေ့ရှိသည်။
"မင်း အမေကို မင်းမထိန်းဘူးလား? ငါ့အဖေကို မင်းအမေနဲ့ သဘောမတူဘူးကွ"
"မင်းကလည်း အလိုတူ၊အလိုပါပဲ နေမှာပေါ့။ဒီလိုအိမ်မျိုးနဲ့ အခုမှ နေဖူးတာ မဟုတ်လား"?
ဆိုသည့် စကားမျိုး မကြာ၊ မကြာ ပြောဆိုကာ စောင်းမြောင်း ရန်စ,လေ့ရှိသည်။
သူဘာပဲ ပြောနေပါစေ။
ကျွန်တော် သူ့ကို စိတ်မဆိုးရက်ပါဘူး။
အချိန်ပြည့် လိုလို ပူလောင်နေရှာသည့် ထူးသစ်ဆိုသည့် ထိုကောင်လေး ကိုသာ ကျွန်တော် သနားနေမိသည်။သူ တဖြည်းဖြည်း အပေါင်းအသင်းတွေ မှားလာသည်။ကျောင်းမှာလည်း အဆင့်တွေ ကျလာသည် ဆိုသည့် အကြောင်းတွေကို ကြားလာရသည်။
သူများကို မုန်းနေတာနှင့်ဘဲ ကိုယ့်ဘဝ ကို ကိုယ်တိုင်ဖျက်ဆီးနေသည့် ထူးသစ်ကို ကျွန်တော်က တနေ့ထက် တနေ့ ပိုပိုပြီး စွဲလမ်းလာမိသည်။
ထူးသစ်၏ မျက်နှာသွယ်သွယ်လေး၊နှုတ်ခမ်း လုံးလုံးလေး၊နှာတံလုံးလုံးလေးတွေကို ချစ်မိသည်။
YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
Contoမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။