အပိုင်း(၁၂)
မိထွေးရဲ့သားကို ချစ်မိသွားပြီ
နေကာကျော်က အခုထိ အေပရွန်ကို မချွတ်ရသေးပေ။
ကျွန်တော်ကတော့ စားပွဲပေါ်က နံနက်စာ ခရမ်းချဉ်သီးထောင်းကို ကြည့်ကာ သဘောကျနေမိသည်။"ငါ ငယ်ငယ်တုန်းက ခရမ်းချဉ်သီးထောင်းတို့၊ပဲပုပ်ထောင်းတို့၊အာလူးထောင်းတို့၊ခရမ်းသီးမီးဖုတ်ထောင်းတို့ အရမ်းကြိုက်တာ၊ခဏ၊ခဏ အမေက ထောင်းကျွေးတယ်။
အမေ မရှိကတည်းက မစားရတော့ဘူး။
ခုမှ စားရတော့တယ်"နေကာကျော်က စားပွဲ အနီး၌ မတ်တပ်ရပ်ကာ ကျွန်တော့်ကို ကြည့်ပြီး ပြံးနေလေသည်။ပုလင်းဖင်လို မျက်မှန်တပ်ထားသည့်ကြားက ရိုးရိုးရှင်းရှင်း လေး ချောမောကာ အထက်တန်းကျသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် ကောင်လေးပဲ ဟု တစ်ချက် မော့ကြည့်ကာ ကိုယ့်ဘဲကိုယ် ပြန်ကြူးနေမိသည်။
"ဒီနေ့က ပိတ်ရက်မို့ ငါလည်း အချိန်ရလို့ ထောင်းကျွေးတာ။
ငါလည်း ခရမ်းချဉ်သီးထောင်းကို ကြိုက်ပါတယ်။""အကြိုက်ချင်းတူပြန်ပြီ။ဟီး။
ဒါနဲ့ စားလို့ ရပြီလား"?"ခဏလေး ငါးရံ့ခြောက် ကင်ထားသေးတယ်။မွှေးလာရင် ထုထောင်းပြီး ပဲဆီလေး ဆမ်းပေးမယ်"
နေကာကျော့်စကားကြောင့် သွားရည်ပင်ကျလုလု ဖြစ်သွားသည်။
"နေကာကျော်
ငါမင်းနဲ့ လက်ထပ်ပြီးရင်
အနာဂတ်မှာ ဝတုတ်ကြီး ဖြစ်လာလောက်လား"?နေကာကျော်က ပြုံးတုံ့တုံ့ဖြင့် ငုံ့ကြည့်ပြန်သည်။အရင်ကဆို သူအဲဒီလို ကြည့်ရင် လက်သီးနှင့်သာ ထ,ထိုးချင်မိပေမယ့် အခုကျတော့ ထိုပိုင်စိုး၊ပိုင်နင်း အပြံးလေးကိုပဲ ငေးကြည့်ကာ မက်မောနေတတ်ခဲ့ပြီ။
"ငါရှိနေတာပဲ။
ငါမင်းကို ဝတုတ်ကြီး မဖြစ်လာအောင် ထိန်းပေးမှာပေါ့"ကြည့်ပါဦး ။ချစ်ဖို့ကောင်းလိုက်တာဗျာ။
ကျွန်တော့် ဘဝမှာ နေကာကျော် ရှိလာခြင်းကပဲ ကိစ္စအားလုံးကို ပြီးမြောက်ဖို့ ၇၀%လောက် သေချာနေပြီ ဖြစ်သည်။"မင်းကလေ ကြည့်လေ ကြည့်လေ ........"
"ချစ်စရာကောင်းလာလေလေလာ"

YOU ARE READING
မိထွေးရဲ့သားကို ချစ်မိသွားပြီ
القصة القصيرةမိထွေးရဲ့သားကို ချစ်မိသွားပြီ BL Fiction shorts stories လေးပါ။