part (09)

7K 338 13
                                    

အပိုင်း(၉)
"မိထွေးရဲ့သားကို ချစ်မိသွားပြီ"
အခန်းအပြင်ဘက်က အသံကြောင့် ကျွန်တော် ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်သွားသည်။ချက်ချင်းပဲ နေကာကျော်ရှိရာ ရေချိုးခန်းထဲ ကို ပြေးးဝင်ရတော့မှာလိုလို၊ကုတင်အောက်ထဲပဲ ပြေးပုန်းရတော့မှာ လိုလိုတွေ ဖြစ်ကာ နေကာကျော့် အခန်းထဲ၌ တစ်ယောက်တည်း ဂယက်တွေ ထ,နေလေသည်။

သို့သော် အပြင်ဘက်က တံခါးလက်ကိုင်ဘုကို လှည့်လိုက်သည်ထင်သည်။တံခါးလက်ကိုင် ဘု လည်သွားပြီး တံခါးက ချက်ချင်းပွင့်သွားသည်။

ကျွန်တော်လည်း ဘယ်နေရာမှာမှ မပုန်းလိုက်ရပေ။ကုတင်ပေါ်မှာ ထိုင်ရက်လေး ရှိနေသည့် ကျွန်တော့်ကို မိထွေးက မြင်သွားသည်။

"ဟင် မောင်ထူးသစ်ရောက်နေတာကို"

"ဟုတ်ကဲ့ အန်တီ"

အံ့ဩသွားဟန်ဖြင့် ကျွန်တော့်ကို ခြေဆုံး၊ခေါင်းဆုံး ကြည့်သည်။ကုတင်ကိုပါ ကြည့်သည်။စောင်ကိုပါ ကြည့်သည်။
ထို့နောက်
တစ်ခန်းလုံးကိုပါ ဝေ့ဝဲပြီး ကြည့်သည်။

"နေကာကျော်ရော"

"ဪ သူ ရေချိုးနေပါတယ် ဗျ"

မလုံမလဲ ပုံစံဖြင့် သူမ မေးသမျှ ဖြေနေသော ကျွန်တော့်ကိုကြည့်ကာ အကဲခတ်နေသလိုဖြင့် ငြိမ်နေလေသည်။

"သားတို့ချင်း ရန်ဖြစ်ကြတာလား"?

"မဟုတ်ပါဘူး အန်တီ"

သူမက အခန်းထဲကို မဝင်လာဘဲနှင့် အခန်းတံခါးဝ,လေးမှာ တံခါးဘောင်ကို မှီကာ ရပ်ပြီး ကျွန်တော်နှင့် စကားပြောနေတာ ဖြစ်သည်။

"မောင်ထူးသစ်က အန်တီ့သားနဲ့ အသက်အတူတူလား"?

"ကျွန်တော်က နည်းနည်းကြီးပါတယ်ဗျ"

"ဘယ်လောက်နည်းနည်းလဲ"?

"၁နှစ်ကျော် ၂နှစ်နီးပါး ကြီးတာပါဗျ"

"ဪ"

မိထွေးက အခုထိကို အခန်းထဲကို ဝင်မလာသေးပါဘူး။သူမ အဲဒီနေရာမှာပဲ ရပ်ကာ ကျွန်တော့်ကို တစ်ခု ပြီး တစ်ခု ဆက်တိုက်မေးနေတာ ဖြစ်သည်။

"ဟင်! မေမေရောက်နေတာပဲ"

ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ရေစက်ရေပေါက်လေးတွေ ကပ်ငြိနေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ သဘက်အဖြူရောင်လေး ပတ်ထားသည့် နေကာကျော့်ကို ကြည့်ကာ ကျွန်တော် ပိုပြီးမလုံမလဲ ဖြစ်မိသည်။

မိထွေးရဲ့သားကို ချစ်မိသွားပြီWhere stories live. Discover now