စာစဉ်အမည် - ငါ့မှာ ရတနာရှာနိုင်တဲ့စနစ်ရှိတယ်။
ဘာသာပြန် - လီလီအပိုင်း (၁၁)
အရမ်းလှတဲ့နာမည်ကြီးကြယ်ပွင့်တစ်ယောက်ဆီကဖိတ်ကြားချက်။ဘယ်အချိန်မှာ စနစ်ရဲ့ဆုရောက်လာမလဲဆိုတာကို ယဲ့ဖန်တွေးနေရင်း သူ့စိတ်ထဲမှရင်းနှီးတဲ့အသံကပေါ်လာသည်။
[ ဂုဏ်ယူပါတယ်၊ လက်ခံသူ။ ကံကြမ္မာညွှန်ကြားချက်ကို ပြီးမြောက်သွားပြီဖြစ်ပါသည်။ Ferraris Enzo တစ်စီးကို ဆုအဖြစ်ရရှိပါသည်။ ဂိုဒေါင်ထဲမှာ သင့်အတွက်ထည့်ပေးထားပါသည်။ ]
ဒီတစ်ခေါက်ဆုက ပြိုင်ကားဖြစ်နေသည်။
ယဲ့ဖန်အရမ်းကိုအံ့ဩသွားရသည်။
ယောက်ျားတိုင်းက ပြိုင်ကားထဲကမိန်းမလှလေးတွေကိုကြိုက်တတ်တယ်လို့ဆိုကြပြီး သူကလည်း ယောက်ျားထဲကယောက်ျားတစ်ယောက်ဖြစ်သည်။
ယဲ့ဖန်က ပြိုင်ကားများနဲ့ အတော်လေးကိုအကျွမ်းတဝင်ရှိပြီး အထူးသဖြင့် Ferraris အမျိုးအစားပေါင်းစုံကိုသိလေသည်။
Enzo series က Ferraris ထည်ထောင်သူ Enzo Ferraris ကို ဂုဏ်ပြုသောအားဖြင့် ထုတ်ထားသည့် ဒီဇိုင်းဖြစ်သည်။
ကိုယ်ထည်တစ်ခုလုံးကို Carbon Fiber ၊ ပျားအိမ်ပုံ အလူမီနီယံ sandwich plates တို့ကို လက်ဖြင့်သေချာတပ်ထားသည်။
6.0 IT မှာ 12 liter အင်ဂျင်၊ အင်ဂျင်ထိပ်ခန်း၊ ကြောက်စရာကောင်းလောက်တဲ့ မြင်းကောင်ရေအား ၆၆၀၊ တစ်နာရီ ၃၆၂ ကီလိုမီတာအလျင်နှုန်း ........
ဒီမော်ဒယ်ကို တစ်ကမ္ဘာလုံးမှာ အစီး ၄၀၀ သာထုတ်ပြီး တစ်စီးကို သန်း၃၀ အနည်းဆုံးရောင်းကြသည်။
အဲ့ဒီအပြင် ပိုက်ဆံရှိရုံနဲ့ဝယ်မရပေ။
Ferrari Enzo က Ferrai ရဲ့ အကောင်းဆုံးဘုရင်လို့ ပြောကြသည်။
ဒီလိုကားမျိုးပိုင်ဆိုင်ရဖို့ ယဲ့ဖန်မမျှော်လင့်ထားပေ။
ယဲ့ဖန် တော်တော်လေးစိတ်လှုပ်ရှားနေသည်။
...........
ဆယ်မိနစ်ကြာတဲ့နောက်။
ယဲ့ဖန် မြေအောက်ကားပါကင်ကိုရောက်လာသည်။
YOU ARE READING
ငါ့မှာရတနာ ရှာနိုင်တဲ့ စနစ်ရှိတယ်
Fantasyဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-