စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်
ဘာသာပြန် - လီလီအပိုင်း (၄၆)
ကြီးမားသောအထင်လွဲခြင်း" ဖြည်းဖြည်းလုပ်ပေးလို့ရမလား.......အဲ့တာကနာတယ် ...... "
ချန်းရွှမ်ရဲ့နာကျင်မှုကြောင့်အော်တဲ့အသံက ဥက္ကဌရုံးခန်းအပြင်ကနေကြားနေရသည်။
အပြင်မှာရပ်နေတဲ့ ကျန်းယုံထင်းက ထိုစကားတွေကြားပြီး ရှက်လာသည်။
သူမ ဒီနေရာကနေ ချက်ချင်းပျောက်ကွယ်သွားနိုင်ဖို့ဆုတောင်းနေသည်။
သို့ပေမဲ့ သူမထွက်သွားပါက အခြားတစ်ယောက်ယောက်ရောက်လာပြီး ဥက္ကချန်းရဲ့ကိစ္စတွေ အပြင်ကိုပွသွားပြီး ဂုဏ်သိက္ခာကျမှာလည်းစိုးရိမ်သည်။
အဲ့တာကြောင့်တံခါးနားမှာဘဲရပ်စောင့်နေခဲ့သည်။
သူမစိတ်ထဲကမှာတော့ တစ်ယောက်တည်းနေချင်စိတ်သာစိုးမိုးနေတော့သည်။
ဌာနရဲ့တရားဝင်ဒါရိုက်တာတစ်ယောက်အနေကနေ ဒီလိုလူကြီးကိစ္စတွေကိုစောင့်ကြည့်ပေးရမယ့်သူတစ်ယောက်အဖြစ်ရာထူးကျသွားမယ်မှန်း မထင်ထားပေ။
.....................
ရုံးခန်းထဲ။
ယဲ့ဖန်က ချန်းရွှမ်ကို ဆေးကူလိမ်းပေးပြီး အနာကပ်တိပ်ပတ်ပေးသည်။
" ဆေးရုံသွားပြီး ကုလိုက် မဟုတ်ရင် အနာက ပိုးဝင်သွားလိမ့်မယ် "ချန်းရွှမ် နာနာခံခံခေါင်းကိုငြိမ့်သည်။
သူမ ဘာကြောင့် သူ့စကားကိုနားထောင်မိလဲ မသိတော့ပါ။
သူတို့နှစ်ယောက်က နှစ်ကြိမ်သာတွေ့ဆုံရသေးတာဖြစ်သည်။
သူတို့နှစ်ယောက်က အခုမြင်ကွင်းက မသင့်တော်ဘူးဆိုတာကို ယဲ့ဖန်က သတိထားမိသွားသည်။
ချန်းရွှမ်ရဲ့ကျောက်စိမ်းလိုခြေထောက်လေးက သူ့ခြေထောက်ပေါ်တင်ထားပြီး အရမ်းကိုညှို့ယူအားပြင်းနေသည်။
" ခြေထောက်ချလို့ရပါပြီ "
ယဲ့ဖန်က သူမ ခြေထောက်ရွှေ့ချင်ပုံမပေါ်တာကြောင့် သတိပေးလိုက်သည်။
YOU ARE READING
ငါ့မှာရတနာ ရှာနိုင်တဲ့ စနစ်ရှိတယ်
Fantasyဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-