စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်
ဘာသာပြန် - လီလီအပိုင်း (၄၇)
တောင်တစ်ဖက်က မြေခွေးကို မျက်နှာချင်းဆိုင် ရိုက်ခြင်း။ယဲ့ဖန်က ရှန်းပိုင်ထျန်းပေးတဲ့လိပ်စာတစ်လျှောက် သူ့ Ferrari Enzo ကားကြီးကိုမောင်းသွားသည်။
သူက ခရီးဆုံးကိုရောက်တဲ့အခါ တောင်ကိုနောက်ခံထားပြီးဆောက်ထားတဲ့ တရုတ်ရိုးရာအိမ်အကြီးကြီးကိုတွေ့လိုက်ရသည်။
ထိုအခါမှ ယဲ့ဖန်သည် ရှန်းပိုင်ထျန်းမိသားစုက ဒီလိုကျိကျိတက်ချမ်းသာမှန်းသိတာဖြစ်သည်။
ခြံသီးသန့်ကပင် ကျုံးထျန်းကန်သာယာစံအိမ်ထက် အစပေါင်းများစွာ ပိုပြီးခမ်းနားသည်။
ခြံအပြင်ဘက်တွင် ဇိမ်ခံကားများစွာက ပါကင်ထိုးထားသည်။
ထိုကားများထဲတွင် သူ့ Ferrari Enzo လောက်ဈေးကြီးတဲ့ကားတော့မရှိပေ။
သို့ပေမဲ့ ဒီလူတွေနဲ့ယှဉ်ပါက သူ့အခြေခံအုတ်မြစ်က နိမ့်ပါးနေသေးသည်။
သို့ပေမဲ့ သူ့ကိုယ်သူမရှက်ပါ။
သီချင်းလေးညည်းရင်း ကားထားဖို့နေရာရှာနေသည်။
ကားထိုးဖို့နေရာရှာတွေ့သွားပြီး ပါကင်ထိုးဖို့ပြင်နေစဉ်မှာဘဲ။
ဘွန်း။
ယဲ့ဖန် နေရာမဝင်ခင်မှာဘဲ အနက်ရောင် Koenigsegg CCX ကားက ဝင်ချလာသည်။
ယဲ့ဖန်သိသလောက် Koenigsegg CCX ဈေးကွက်ပေါက်ဈေးက ယွမ်သန်း၂၀ရှိသည်။
သူ့ Enzo ထက် အများကြီးတော့ မဆိုးပေ။
အဲ့ဒီနောက် ရုပ်ရည်ပြေပြစ်တဲ့အမျိုးသားတစ်ယောက်က ကားတံခါးကိုဖွင့်ပြီး ကားပေါ်ကဆင်းလာသည်။
သူက ယဲ့ဖန်ကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်သည်။ယဲ့ဖန် မျက်မှောင်နည်းနည်းကြုတ်လိုက်သည်။
တစ်ဖက်လူရဲ့ မပျူငှာမှုကို ယဲ့ဖန်ခံစားလို့ရသည်။
သို့ပေမဲ့ ထိုလူက ဘယ်သူလဲဆိုတာ ယဲ့ဖန်လုံးဝမသိပေ။
အဲ့တာဆို သူကဘာကြောင့်မုန်းတီးနေရတာလဲ၊
![](https://img.wattpad.com/cover/370068238-288-k144581.jpg)
YOU ARE READING
ငါ့မှာရတနာ ရှာနိုင်တဲ့ စနစ်ရှိတယ်
Fantasyဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-