အပိုင်း (၃၀)
ရှချူးက သိချင်နေတယ်။ ကျေးဇူးတင်ပါတယ်။ယဲ့ဖန်က လက်ခံလိုက်ပေမဲ့ ဘာအမူအရာမှမပြတဲ့အခါ ရှချူး ထပ်ပြီးအံ့ဩရပြန်သည်။
တကယ်တော့ အစတုန်းက သူမ ယဲ့ဖန်ကို ရုပ်ရှင်စီမံချက်ရဲ့ ဆယ်ပုံတစ်ပုံသာပေးဖို့ ပြင်ဆင်ခဲ့တာဖြစ်သည်။
သို့ပေမဲ့ ကျန်းဟောင်ကိစ္စတွေရောဖြစ်ပြီးသွားသည့်အတွက် ယဲ့ဖန်ကို ထပ်ပြီး အပိုထပ်ဆောင်းအနေနဲ့ ၁၀% ထပ်တိုးပေးလိုက်တာဖြစ်သည်။
ဒါပေမဲ့ ဘယ်သူသိမှာလဲ ဒီလောက်အမြတ်ကြီးရတဲ့ကိစ္စကတောင် ယဲ့ဖန်ကို မျက်တောင်တစ်ချက်မခတ်စေနိုင်ဘူးဆိုတာ။
.........................
ယဲ့ဖန်ကတော့ များများစားစားမတွေးပေ။ ရှချူးကို နှုတ်ဆက်ပြီးနောက် ပြန်သွားသည်။
Ferrari Enzo ကားက စားသောက်ဆိုင်ထဲက ထွက်သွားသည့်အခါ ရှချူးနှင့် အစ်မဝမ်တို့လည်း ကားပေါ်တက်လိုက်ကြသည်။
ကားပေါ်တက်ပြီးတဲ့နောက် သီးသန့်ခန်းထဲမှာဖြစ်ခဲ့တာကို တွေးပြီး အစ်မဝမ်က စိတ်လှုပ်ရှားနေသည်။
" ကျန်းမိသားစုရဲ့သခင်လေးကတောင်မှ ယဲ့လူကြီးမင်းကိုကြောက်ရတယ်။ ယဲ့လူကြီးမင်းရဲ့နောက်ခံက အစ်မတို့ထင်တာထက်ကိုပိုပြီးအာဏာရှိမယ်နဲ့တူတယ် "
" ရှရှ၊ သူ့ကို အပြစ်မပြုမိစေနဲ့ "
ရှချူး ခေါင်းငြိမ့်ပြီး ဘာမှမပြောပေ။
အစ်မဝမ် မပြောရင်တောင်မှ သူမ ယဲ့ဖန်ကိုဆန့်ကျင်ရဲတဲ့ထိ မိုက်ရူးရဲမဆန်ပါ။
အစ်မဝမ်က စိတ်ထဲမတင်မကျဖြစ်နေသည်။
" ယဲ့လူကြီးမင်းရဲ့နောက်ခံက ဘာများဖြစ်မလဲ "သူမ ကျုံးဟိုင်ရဲ့သူဌေးကြီးတွေနဲ့ ရင်းနှီးပေမဲ့ ယဲ့ဖန်အကြောင်းကိုတစ်ခါမှမကြားဖူးပေ။
" ရှရှ "
" အစ်မ စုံစမ်းဖို့ လူငှားလိုက်ရမလား "
" မလိုပါဘူး " ရှချူးလက်ယမ်းလိုက်သည်။
ယဲ့ဖန်နဲ့သူမ အတူရှိနေရတဲ့ခံစားချက်ကို နှစ်သက်သည်။ ယဲ့ဖန်က သူမကို နာမည်ကြီးတစ်ယောက်လိုမဟုတ်ဘဲ သာမန်လူတစ်ယောက်လိုသာဆက်ဆံသည် ......... အဲ့လိုစိတ်သက်သာရတဲ့ခံစားချက်နဲ့ သူမပုံစံအစစ်အတိုင်းနေလို့ရတာကောင်းသည်။

YOU ARE READING
ငါ့မှာရတနာ ရှာနိုင်တဲ့ စနစ်ရှိတယ်
Fantasyဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-