စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်
ဘာသာပြန် - လီလီအပိုင်း (၅၃)
ငါ အစကတည်းက မင်းတို့နဲ့အတူ သာမန်လူအဖြစ်ဘဲရှိနေချင်တာ။လုကျဲက ပထမဆုံးအသိစိတ်ပြန်ကပ်လာသည်။ သူက သူ့ဘေးကသူကို ချက်ချင်းလှည့်ကြည့်သည်။
" ငါနားကြားမှားတာလား။ အဲ့ဝန်ထမ်းက ဘာပြောလိုက်တာလဲ "
" ငါ့အထင် Li Kan ဆိုလားဘဲ "
အဲ့တစ်ယောက်က မရေမရာပြန်ဖြေသည်။" Li Kan လား။ ပြည်တွင်းကားအသစ်လား။ ယွမ်သောင်းချီလောက်ဘဲရှိတာမလား "
တစ်ယောက်ယောက်က ကြားဖြတ်ပြောသည်။" Li Kan လား Lykan လား "
လုကျဲ စဉ်းစားခန်းဝင်နေပြီး ရုတ်တရက်ထရပ်ပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာကြည့်သည်။
" အပြင်က စူပါကားအကောင်းစား Lykan က မင်းဟာလား "လူတိုင်းက လုကျဲစကားကို သိချင်နေကြကာ သူတို့အကြည့်က ယဲ့ဖန်ဆီရောက်နေကြသည်။
ယဲ့ဖန် သက်ပြင်းရှည်ချလိုက်သည်။
" ငါက အစကတည်းက မင်းတို့နဲ့ သာမန်လူအဖြစ်ဘဲ ဆက်ရှိနေချင်ပေမဲ့ ဒီလိုဖြစ်သွားမယ်မထင်ထားဘူး။ အေးကွာ၊ ငါက သန်းကြွယ်သူဌေး၊ အဲ့တော့ ငါ့ကတ်တွေ စားပွဲပေါ်တင်ပေးမယ် "လူတိုင်းက အခုထိ မယုံနိုင်ဖြစ်နေသည်။
ယဲ့ဖန်ရဲ့ရွှတ်နောက်နောက်အသံကြောင့် သူတို့အားလုံး ပြန်ငြိမ်သွားပြီး ထိုင်လိုက်ကြသည်။
" သေချာပေါက် သူ့ဟာမဟုတ်ဘူးပေါ့။ သူက ဘယ်လိုလုပ် Lykan မောင်းနိုင်မှာလဲ "
" ဟုတ်တယ် အဲ့ကားက ယွမ်သန်း ၆၀-၇၀ကြားပေးရတာ။ အဲ့လိုကားမောင်းဖို့ဆို အနည်းဆုံးယွမ်သန်းရာချီရှိရမှာကွ "
" အထင်မှားတာဘဲ။ ငါတို့က မိသားစုထဲမှာ ဘီလီယံနာကြီးရှိပြီထင်သွားတာ "
သူတို့က ယဲ့ဖန်အပေါ်အထင်သေးကြတာမဟုတ်ပေ။
အကြောင်းအရင်းမှာ ယဲ့ဖန်မိသားစုက ဆင်းရဲလွန်းပြီး သူတို့ထဲမှာ ယဲ့ဖန်ကအဆိုးဆုံးအခြေအနေဖြစ်သည်။
အဲ့ဒီအပြင် သူက အခုမှ တက္ကသိုလ်ပထမနှစ်ကျောင်းသားဘဲရှိသေးတာ။ ဘယ်လိုလုပ်ပြီး သန်းချီတန်တဲ့ကားကိုစီးနိုင်မှာလဲ။
![](https://img.wattpad.com/cover/370068238-288-k144581.jpg)
YOU ARE READING
ငါ့မှာရတနာ ရှာနိုင်တဲ့ စနစ်ရှိတယ်
Fantasyဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-