စာစဉ်အမည် - ငါ့မှာရတနာရှာနိုင်တဲ့စနစ်ရှိတယ်
ဘာသာပြန် - လီလီအပိုင်း (၄၄)
တိုက်ဆိုင်မှုမရှိလျှင် ဇာတ်လမ်းလည်းမရှိ။တနင်္ဂနွေနေ့မနက်တွင် ယဲ့ဖန် နေမြင့်တဲ့အထိအိပ်နေခဲ့သည်။
မနက်စာကို ဖြည်းဖြည်းချင်းစားပြီးတဲ့နောက် ဝတ်စုံပြည့်အသစ်ကိုဝတ်ကာ လင်းယွမ်အိမ်ခြံမြေသို့ ကားဖြင့်မောင်းသွားသည်။
လင်းယွမ်အိမ်ခြံမြေရဲ့ဌာနချူပ်က အရမ်းကိုခမ်းနားပြီး ရည်မှန်းချက်ပြည့်ဝတယ်ဆိုတဲ့ ခံစားချက်လည်းရသည်။
ယဲ့ဖန် ကားထားဖို့နေရာရှိလိုက်ပြီး သူ့ကားကိုပါကင်ထိုးလိုက်ကာ လမ်းဘေးတစ်လျှောက်ရှုခင်းတွေကြည့်ရင်း အဆောင်အဦးထဲကိုဝင်လာသည်။
ပြောနေရင်းဖြင့် ယဲ့ဖန်အတော်လေးကံမကောင်းဖြစ်သွားသည်။
ပျာယာခတ်နေတဲ့ပုံရိပ်တစ်ခုက သူ့ကို အသိမပေးဘဲ ဝင်တိုက်သည်။
" အိုက်ရိုး "
တစ်ဖက်ကသူက မိုးပြိုမလိုမျက်နှာနဲ့ လန်ကျမလိုဖြစ်သွားသည်။
ယဲ့ဖန်က အများကြီးတွေးမနေဘဲ သူမခါးကနေလှမ်းဆွဲမတ်ပေးလိုက်သည်။
" အဆင်ပြေရဲ့လား "
တစ်ဖက်လူက သူ့ကိုဝင်တိုက်တာဖြစ်ပေမဲ့ ယဲ့ဖန်ကဘဲ ယဉ်ကျေးသမှုနဲ့မေးလိုက်သည်။
မထင်မှတ်စွာဘဲ တစ်ဖက်ကအမျိုးသမီးက အဲ့တာကို ကျေးဇူးမတင်ပေ။ အဲ့အစား ဒေါသပါထွက်လာပြီး ပြန်အော်ပြောသည်။
" လမ်းလျှောက်နေရင်း မျက်စိနဲ့ကြည့်မလျှောက်တတ်ဘူးလား "ထိုအမျိုးသမီးက လှပပေမဲ့ ဒီလိုအကျိုးအကြောင်းမဆီလျော်လိမ့်မယ်လို့ မထင်ထားပေ။
ထိုအမျိုးသမီးက သူ့ကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်သည်။
" ငါကမင်းက တိုက်မိလို့လား။ မင်းကသာ ငါ့ကို လာဝင်တိုက်တာ၊ ဟုတ်ပြီလား။ ငါမင်းလိုလူတွေအများကြီးမြင်ဖူးတယ်၊ အမှောင်ထဲမှာပုန်း၊ ပြီးရင် ကောင်မလေးတွေကို ဝင်တိုက်ချင်ယောင်ဆောင်ပြီး အခွင့်ကောင်းယူတာလေ "

YOU ARE READING
ငါ့မှာရတနာ ရှာနိုင်တဲ့ စနစ်ရှိတယ်
Fantasyဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-