Chapter 93
ရှုရှင်းချန်က သူ့အားလျစ်လျူရှုလိုက်သည်။ ရှန်းလျိုရှန့်က ရယ်မောကာ သတ္တမနတ်ဆိုးဘုရင် အိမ်တော်သို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။
အိမ်တော်၏ နေရာတိုင်းတွင် မီးများထွန်းညှိထားပြီး ဝမ်ရမ်ချင်က နားနေဆောင်တွင် တစ်ယောက်တည်းထိုင်ကာ သောက်နေသည်။ သူက ရေစီးသံကို ကြားသောအခါ ဝိုင်ပုလင်းကိုင်၍ လှုပ်ခါပြလိုက်သည်။
"မင်းက ညဘက်ကြီး ဒီလောက်နောက်ကျမှ လာတယ်ပေါ့ ...ငါမင်းကို ထွက်သွားခွင့်မပြုမှာ မကြောက်ဘူးလား..."
ရှန်းလျိုရှန့် မျက်ခုံးများပင့်လိုက်သည်။
"ငါသာ ထွက်သွားချင်ရင် မင်း ငါ့ကို မတားနိုင်ပါဘူး..."ဝမ်ရမ်ချင်၏ အမူအရာမှာ မရှင်းလင်းပေ။ သူက ခပ်ဖွဖွပြုံး၍ မေးလာသည်။
"ဘာကိစ္စရှိလို့လဲ..."ရှန်းလျိုရှန့် : "ငါ ဆေးဖော်စပ်ပြီးသွားပြီ..."
ဝိုင်ခွက်ကို လှုပ်ခါနေသော ဝမ်ရမ်ချင်၏ လက်တစ်ဖက်မှာ ရပ်တန့်သွားသည်။ သူ၏အကြည့်များရုတ်တရက်ပြောင်းလဲသွားကာ ညအမှောင်တွင် စူးရှနေသည်။
"တကယ်လား..."ရှန်းလျိုရှန့် : "စာလိပ်..."
ဝမ်ရမ်ချင်၏ နှုတ်ခမ်းပါးများ မြင့်တက်လာကာ ဝိုင်ခွက်ကို အောက်ချလိုက်သည်။ ရွှေရောင်ဖျော့ဖျော့ စာလိပ်ကို ဝတ်ရုံထဲမှ ညာလက်ဖြင့် ထုတ်ယူလာသည်။
"ငါ ဒါကို ယူထားပြီး မင်းကို စောင့်နေမယ်လို့ စဉ်းစားထားတာ...ဒါပေမဲ့ မြန်မြန်လာမယ်လို့တော့ မထင်ထားဘူး..."
ရှန်းလျိုရှန့်က ဆေးလုံးကိုလက်တစ်ဖက်ဖြင့် ပစ်ပေးလိုက်ကာ အခြားတစ်ဖက်ဖြင့် စာလိပ်ကို ညွှန်ပြနေသော တိယွင်ယွီ၏ ဆံပင်ကို ကိုင်ထားသည်။
ဝမ်ရမ်ချင်က ဆေးလုံးကို ကြည့်ကာ မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
"ဖော်စပ်နည်းကရော..."မှန်ကန်ကြောင်း အတည်ပြုပြီးသောအခါ နှစ်ယောက်သား စကားပြောရပ်၍ လက်ထဲရှိပစ္စည်းများကို လဲလှယ်ကြသည်။
ရှန်းလျိုရှန့် လက်ထဲသို့ ရောက်လာသော စာလိပ်မှာ အရောင်နက်မှောင်၍ ပုံမှန်စာလိပ်ပင်ဖြစ်သည်။ ဝိညာဉ်စွမ်းအား သွင်းပြီးမှသာလျှင် အလင်းရောင် ပြန်လည်ထွက်ပေါ်လာသည်။