ဟဲ့ ထက်ကို ဒီနေ့ Bar ကိုသွားမယ် .....လိုက်မလား
သွားမှာပေါ့ဟ ခဏ သွန်းရေ..
ဟို ဟာမကို လှမ်းခေါ်အုံး........ချန်ထားရင် သတ်ခံနေရအုံးမယ်
အေးအေး ...ငါခေါ်လိုက်မယ်...
Vibrateလုပ်ထားတာကြောင့် အသံက အဆက်မပြတ် မြည်နေသည်
ဗျည်း....ဗျည်း.....
ကျစ်!!! ...အာ...ဒီSရူးတွေက တဂွမ်ဂွမ်နဲ့
ဘာလဲ...ပြော ..အိပ်ရတာ feelပျက်တယ်.
ငါတို့ Barသွားမလို့..နင်လိုက်မလား ယွန်းဝတီ
အေး..လာခေါ်.
အဲဆိုဖုန်းချပြီနော် အဆင်သင့်လုပ်ထား...
အင်းပါ ( အိပ်ချင်မူးတူးအသံ)
သီချင်းသံတွေ ဘား မှာဆူညံ သံတွေကြောင့် ဘာမှသိပ်မကြားရ
ယွန်းရေ!! ငါ!!...တို့!!...သွား!!...က!!...မလို့!!
ဟမ်!!! ...အေး!....အေး!!!!
ယွန်းကတော့ ထိုင်နေခဲ့ပြီး ဆံပင်ဂုတ်၀ဲလေးနဲ့ အသားလေးက ဖြူတယ်လို့မဟုတ် ၀ါ၀င်းတဲ့အသားရေကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် ၀ိုင်သောက် နေရင်း ဟိုကြည့်တကြည့်ပေါ့
ဟိုဘက်မှာတော့ လူကြီး၀ိုင်းပေါ့ Truth or dare ဆော့နေကြတယ်
တော်တော်ကို ပဲ....ဟားဟား!!!! ရှိုင်းထက်အောင် မင်းရှုံးပြီး ကွ....ဟားဟား!!!!(အုပ်စုလိုက်ရီသံ)
ပြောပြော..မင်းခိုင်းတာလုပ်မလား ....
ဒါက Truth or dare ဆော့နေတာလေကွာ....
မရဘူး မင်းခိုင်းတာလုပ်!!....
ဟုတ်တယ်!! ခိုင်းတာလုပ်ရမယ်!! (၀ိုင်း၀န်းပြောဆိုသံ)
အေးကွာပြော...ပြော....
အမ်........
ဟို...ဟိုမှာ ဂုတ်၀ဲလေးနဲ့ ထိုင်တွေတဲ့ကောင်မလေးမြင်လား....
ဘယ်မှာတုန်း....
ဟိုမှာလေ ဟယ် အသား၀င်း၀င်းလေးနဲ့ ထိုင်နေတာ....
အော်...အော်...တွေ့ပြီ
ဒါနဲ့ ငါက ဘာသွားလုပ်ရမှာ...
YOU ARE READING
Teacher's pet
RomanceDaddy type 15နှစ်ကြီးတဲ့ ဆရာနဲ့ 17နှစ်အရွယ် တပည့်မလေး #ဆရာနဲ့တပည့်မလေး ownstory