Part17

385 5 1
                                    

*နေ့တစ်နေ့ရဲ့ အစ.......ကျောင်းဖွင့်ချိန်...........*

*ဆံပင်လေးတစ်ဖက်ကို ကလစ်လေးဖြင့် ညှပ်ကာ ကျောင်းသွားရန်အတွက် ပြင်ဆင်နေသည်............*

*အခန်းပြင်ကို ထွက်ကာ ထမင်းစားခန်းသို့ ရောက်သွားစဥ်......

ဆရာရှိုင်းမနက်စာ စားနေသည်ကို တွေ့ရလေသည်.......*

*သို့ပေမယ့်......တစ်ခါမှ မဖြစ်သဖူး.. ယွန်းရဲ့ စိတ်ထဲမှာ....ဆရာရှိုင်းကို ကြောက်မိနေတော့သည်...

တုန်တုန်ချိချိလေး နဲ့သာ ထိုင်ခုံလေး ဆွဲကာ......ထိုင်လိုက်သည်......

စာပွဲပေါ်မှာလည်း.....ယွန်းအကြိုက် ခေါက်ဆွဲပြုတ်တွေရယ် .....ပေါင်မုန့်နဲ့ ယိုအချို့ကို ......တွေ့ရသည်......

ဆရာရှိုင်းသည် ဘာမှကို မတုံ့ပြန် စကားလည်း မပြော... ...Coffee သောက်လိုက် စာဖက်ရင်းနဲ့ ပဲ....ခက်တည်တည်ကြီးသာ ...မနက်စာ စားနေတော့*
.....

*ယွန်းမှာလည်း..အနေခက်ရသည်......
ခြေသံကို ဖွဖွလေးနင်းရင်း..... ထ်ုင်ခုံကို အသာလေးဆွဲ၍ယူ ကာထိုင်လိုက်လေသည်.....

ခေါက်ဆွဲပြုတ် ပူပူလေး ကို မှုတ်ပြီး စားလိုက် ဖို့လုပ်စဥ်ဆံပင်လေး တွေဟာ ပါးမို့မို့လေးပေါ်သို လျှောလျှော ကျ နေတော့တယ်.....

နားနောက်သို့ တစ်ဖန် ပြန်သွင်းကာ..... ပြုတ်ရည် ပူပူလေးကို သောက်မိတော့လည်း.....နှုတ်ခမ်းပေါ်ကက အနာလေး တွေကြောင့် ထုံထိုင်းကာ စပ်တပ်တပ် ဖြစ်သွားလေသည်*
...

..'အာ့!!!.....
....

*နှုတ်ခမ်းလေးကို အုပ်ထားမိကာ .........ညည်းနေမိတော့သည်....*

*ထိုအချိန်တွင်.......
....
..

လက်ဖဝါး ကြီးကြီး က နှုတ်ခမ်းပေါ်သို့ အုပ်၍ထားသော လက်ချောင်းလေးတွေကို ဖယ်ကာ........

လက်မကြီးဖြင့် အသာပွတ်သက် ပေးလိုက်သောအခါ......

ယွန်းခေါင်းလေးလည်း ပုသွားလေသည်....

မျက်ခုံးကြီးရှုံ့ ကာ ကြည့်နေတဲ့ ရှိုင်းအား......ယွန်းသည် မျက်လုံးချင်မစုံရဲပါ.....​ရင်ခုန်တာလား ကြောက်တာလား တောင်.....မသဲကွဲတော့......

Teacher's petWhere stories live. Discover now