Part15

231 5 3
                                    

စာမေးပွဲ ရက်ကြီးရောက်ရှိလို့လာပါပြီ............

သူများတွေ အဖက်တကုပ် ကြိုးစားနေတဲ့ အချိန် တွင်းမှာ....... ယွန်းတစ်ယောက်က တော့.....'နေပျောက်ထိုး ပေါင်ကျိုး"ဟူသော   အစကားပုံ အလား ..... .....ဖျားနေတော့သည်.....

ဟွား!!!!!.........

ဟိုဘက်လှည့်  ဆန့်လိုက် ဒီဘက်လိမ့် လိုက်နဲ့....တကိုယ်လုံးလည်း  ကိုက်ခဲလုနီးပါးဖြစ်နေ..........

နဖူးပေါ်က  အေးတိအေးစက် အရာအား  စမ်းကြည့်မိလိုက်သော်.......

ရေဘက်အဝတ်   ကလေး ကို လိတ်တင်ထားသည်.........

ဘယ်တုန်းကမှ မဖွင့်တဲ့ ပြတင်းပေါက်  တံခါးလည်း  ဖွင့်ထားတယ်........ ဘေး စတီခုံ   လေးမှာလည်း  ဆေးအချို့ကို တွေ့ရသည်.....

စောင်ကို အသာလေးမကာ.......မျက်နှာသစ်  ပြီး   ကျောင်း သွားဖို့   ပြင်ဆင်နေသည်......

(ကျောင်းသွားဖို့ အသိစိတ်ကတော့ရှိသေးသည်)

ခေါင်းက လည်း သိပ် မကြည်လှမို့ ဆံပင်လေး ကို ထူးထူး ခြားခြား  စုထုံးပြီး စညပ်နဲ့ ညပ်ထားလေသည်....

တံခါးဖွင့်ဖို့ လုပ်သောအခါ.....ခန္ဓာကိုယ် တစ်ခုလုံး  လည်း  ဟိုနေရာ တင်း....ဒီနေရာ တင်းတင်း  နဲ့  ဖြစ်နေ၏......

အသာလေး ဖွင့်လိုက်ကာ..........ရှိုင်းရဲ့ အသံကို လည်းမကြားရ..........

'ကျောင်းသွားတာစောလိုက်တာ....

'ဟင်.....ဆန်ပြုတ်တွေ.....

အသီးတစ်ချို့ကို ယူဖို့   ရေခဲသေတ္တာ ဖွင့်မလို့လုပ်ချိန်......ကပ်စာလေး တစ်စောင်ကို တွေ့ရလေသည်......

"ဒီနေ့တော့   အိမ်မှာပဲနေ့တစ်ပိုင်းနားလိုက်တော့....
နေ့ခင်းမှလာခေါ်မယ်....စာကိုသေချာလုပ်နေနော်'.......

ချိ့!!.......အရူးကြီး......

တီ....တီ...(ဟွန်းတီသံ)

အိမ်ရှေ့မှ  ဆိုင်ကယ် တဘိန်းဘိန်း နဲအသံကို ကြားရစဉ်...

တံခါး ဖွင့်ကာ    ဝရန်တာပေါ်က ငေး ကြည့်လိုက်တော့   

ဟင်...ကောင်းဇော်....

ယွန်းရေ!!!!......တူတူသွားမယ်!.......ထွက်လာခဲ့!!.......

အမ်း!!!....

Teacher's petWhere stories live. Discover now