Part13

201 2 0
                                    

စားသောက်ပြီး ထမင်းဆိပ် ကတက်.......ယွန်းတစ်ယောက် မျက်လုံးကတော့မှေးနေပြန်ပြီ...........





ကူသိမ်းစရာရှိတာ သိမ်း.......ဆေးစရာ ရှိတာ ဆေးကြောပြီး..........အခန်းထဲ သို့ပြန်ဝင် သွားပြန်လေသည်........

မင်းနိုင်ကတော့........ဆေးရုံကိုသွားဖို့ ရယ် ဆုနဲ့ dinnerစားဖို့ အတွက်ရယ်ရှိတာကြောင့်.......ထည့်စရာရှိတာကို ထည့်လိုက်..........ရှိုင်းနဲ့ ဟိုစကားဒီစကား ပြောဆိုရင်း ပြင်ဆင်နေတော့သည်............

"ရှိုင်း........ညနေကြ ငါနဲ့ ဆုပဲ လား မင်းက မလာတော့ဘူးလား?......

"အခြေနေကြည့်အုံးမယ်ကွာ......မလာဖြစ်ရင် ဖုန်းလှမ်းဆက်လိုက်မယ်......

'အေးပါ.....အေးပါ......အဲတာဆို ငါ..ဆုဆီပဲ တမ်းသွားလိုက်တော့မယ်.......

"အေးပါ!.....

"အဲတာဆို ငါသွားပြီ.....ဟို ချီးထုပ်ကို ညဥ့်နက်မှ ပြန်ရောက်မယ်လို့ပြောလိုက်အုံး.....

'အေးပါကွာ...အေးပါ!..သွားပါတော့!!

အတင်းတွန်းထုတ်ကာ..... တံပါးပေါက်သို့ စောင့်ကန်လိုက်ပြီး .....တံခါးပြန်ပိတ်လိုက်လေသည်.......

ဂျိမ်း!!!!!!(တံခါးပိတ်သံ)

လည်တိုင်ကြားကို ပွတ်သပ်ပြီး....နောက်လှည့်ကြည့်လိုက်မိတော့လည်းပဲ.......

ဖြူဖွေးပြီး အဆင်းရှိတဲ့........ခြေတိုင်ပြည့်ပြည့် တင်းတင်းဖြောင့်ဖြောင့်လေးရှိတဲ့ ပေါင်သွယ်သွယ်လေးရယ်..........အပေါ်ပိုင်းကိုကြည့်ပြန်လိုက်တော့လည်း......နို့နှစ်ရောင် ကြိုးတစ်လုံး ဂါဝန် ကားကားတိုတိုလေးကို ဝတ်ထားပြီး.....ဆံပင်ဂုတ်ဝဲလေးကို နားနောက်သို့ တစ်ဖက်သိမ်းထားပြန်လေသည်.....

ရှိုင်းရဲ့ ရင်ဘက်ထဲမှာ လက်ဝှေ့ပွဲတွေကျင်ပနေသော်လည်းပဲ.......

ချက်ချင်းဆိုသလိုပင်မျက်ခုံးကြီးရှုံ့သွားကာ.....

'ဘယ်ကိုသွားမလို့လဲ!!!.......စာမေးပွဲကနီးနေပြီ....အပြင်သွားချိန်ရှိသေးတာလား!!!......

ဟမ်!!......

"မဟုတ်ပါဘူး......ယွန်းက ပစ္စည်းသွားယူမလို့ပါ.....ဒီတိုက်ခန်းနားလေးတင်....

Teacher's petWhere stories live. Discover now