part2

578 2 0
                                    

အတန်းဆင်းလို့ရပြီနော် ကလေးတို့..

ဟုတ်ကဲ့ပါ ....ဆရာရှိုင်း(သံပြိုင်)

ကျေးဇူးတင်ပါတယ်ဆရာရှိုင်း(သံပြိုင်)

ယွန်း၀တီက အခန်းထဲ ကထွက်ဖို့လုပ်တဲ့ အခါမှာတော့ ....

ရှိုင်းက က စာအုပ်စီနေရင်းနဲ့ ပြောလိုက်သည်

အသက်မပြည့်သေးတဲ့ သူက bar မှာ အန်အောင်သောက်တတ်တာ အံ့ဩစရာပဲနော်.....

ယွန်းဝတီကလည်း ခြေလှမ်းကိုနောက်ဆုတ်ပြီး ပြန်ပြောလိုက်သည်

''တစ်ည ဘယ်လောက်ပေးရမလဲ ပြောတဲ့သူက...ဆရာတစ်ယောက်လို့ထင်မထားဘူးရယ် ....

ဆရာရှိုင်းက ဘာမှပြန်မပြောတော့ ပဲ စာအုပ်တွေထည့်နေရင်း ခေါင်းငြိမ့် ပြုံးလိုက်သည်.......

ဟိတ်....ကလေးမ

ယွန်းက လှည့်ကြည့်သည်

''ငါ.. မင်းရဲ့ Report card ကြည့်ရသလောက် မင်းက ကျောင်းရဲ့ အ ညံ့ဆုံး 13မှတ်နဲ့လေ.....

ဒီမှာ ...အဲတော့ဘာဖြစ်ချင်လဲ ဦးလေးကြီး....

ဟားး..ငါက မင်းဆရာနော် လေးစား

ရော့......

ဗုန်းးးး ............

'အီရာရှင်နယ် ရှာရှင်နယ်တွေ slopeတွေ ဒါတွေ မင်းတွက်ရမယ် ...
ပြီးရင် ငါ့လာထပ် ..... မထပ်ရင် ..မင်းမိဘနဲ့ ဆွေးနွေးရသလို ကျောင်းအုပ် ဆီရောက်မယ်...

ယွန်းလည်း ဘာမှ မခံသာ၍ စာအုပ်ထုပ် သာ ဆွဲယူထွက်သွားသည် (အနိုင် ပိုင်းတော့ ဒေါ သထွက်သွားတာပေါ့)

ညနေ ကျောင်းဆင်းတော့ သွန်းနဲ့ ထက်ကိုတို့ နဲ့ တူတူ စားသောက်ဆိုင်ထိုင်နေကြ စဥ်

ဗျည်း...ဗျည်းးး(ဖုန်းလာသံ)

ကျစ်! အမေ့ဆီက ဟ

ကိုင်လိုက်ပါ. ယွန်းရယ်..... (သံပြိုင်​)

ဟယ်လို .....

သမီး.. အမေ ဒီညဘဲ ခရီးသွားရတော့မယ်. မင်းအကိုဆီမှာ ဒီညကနေစပြီး သွားနေလိုက်တော့ ... အမေ အ၀တ်ထုပ်တွေ ၀င်ပို့ခဲ့မယ် ...

ဟင်...အမေကလည်း....

မနေလို့မရဘူး!! ...အိမ်မှာနင်တစ်ယောက်ထဲ ဖြစ်နေမှာ!! ...မိဘက ဒါဆိုဒါ လုပ်လိုက်...ယွန်းဝတီ!!!

Teacher's petWhere stories live. Discover now