အဟွတ်....အဟွတ်....
အမလေး.... သေပြီတောင်ထင်တာ ဆရာ့ကိုယ်ကြီးကလည်း ကလေးလိုက်တာ မနဲဆွဲရတယ်.....
အဟွတ်... ကလေးမ...အဟွတ်....အဟွတ်... အဆင်..ပြေလား...
ကိုယ့်ကိုယ်သာ ဂရုစိုက်စမ်းပါ ဆရာစုတ်ရယ်...
ဟွန်း...
ယွန်းက မပြောမဆိုနဲ့အပြင်ထွက်သွားတော့သည်...
ဒီကလေးမ ငါ့ထားခဲ့တယ်ကွာ...
ဆရာမဆုက ရောက်ချလာပြီး ....
ဟဲ့....ဟဲ့...အမလေး တရိန်းတဲ့သူကရေနစ်နေတာ ရော့..တပက်ယူ....
ဟဲဟဲ ယွန်းကောင်းဖို့အတွက်ပါဟ....
(ယွန်းက အမှန်တကယ်တော့ တပက်သွားရှာတာပါ သူလာတော့ ဆရာမ ဆုနဲ့ဆရာရှိုင်းက ရီမောနေတော့ ယွန်းလည်း လှည့်ထွက်လာလိုက်တော့သည်....)
ယွန်း ကျောင်းခန်းထဲ၀င်တော့ သွန်းထက်ကို ကျောင်းသားတစ်ယောက် က အနိုင်ကျင့်နေတာကို မြင်လိုက်တော့
"ဘာဖြစ်နေတာ လဲ သူများအခန်းကို ကျူးကျူးကျော်ကျော်နဲ့ ဘာလာအနိုင်ကျင့်နေတာလည်း'!!!!
သွန်းနဲ့ ထက်ကိုက လည်း ယွန်းလက်ကို ပြေးကိုင်ထားကြသည်
ကျောင်းသားက လှည့်ကြည့်လ်ိုက်တော့ ယွန်းရဲ့ ဝင်းလဲ့တဲ့ အသားရေ ပါးပေါ်မှာ ဖြာကျနေတဲ့ ဆံသားလေးတွေက လေတိုက်တော့ တလွင့်လွင့်နဲ့ မို့ ဘာမှမပြောပဲနဲ့ ဆက်တိုက်ကြည့်နေမိတော့သည်
(တကျောင်းလုံးရဲ့ ဇိုး__ကောင်းဇော် = C ခန်းက ကျောင်းသားပါ ပိုက်ဆံချမ်းသာသလောက် သူများကို အနိုင်ကျင့်မှ အိပ်၀င်စားပျော်သည်... တကျောင်းလုံးကလည်း သူ့ရှေ့မှာ ဆို ဘယ်သူမှမလုပ်ရဲ )
ယွန်းကိုပဲ မျက်လုံးမခွာကြည့်နေတော့သည်
ပါလာတဲ့ အပေါင်းအဖော်တွေက တော့ ကောင်းဇော် ကြွေသွားပြီဆိုတာကို အကဲခက်မိသည်..
ဒီမှာ ...ဒီမှာ!!!
ယွန်းက နှစ်ခါလောက် အော်လိုက်တော့ ကောင်းဇော် သတိ၀င်သွားသော်လည်း ဘာမှမပြော မပြုံးတပြုံးနဲ့ကြည့်နေတော့သည်...
YOU ARE READING
Teacher's pet
RomantizmDaddy type 15နှစ်ကြီးတဲ့ ဆရာနဲ့ 17နှစ်အရွယ် တပည့်မလေး #ဆရာနဲ့တပည့်မလေး ownstory