ဆောင်းဟန်ဘင်းရဲ့အပြုအစုကောင်းမှူကြောင့် တဖြည်းဖြည်းဖောင်းလာသည့် သူ့ဗိုက်ကိုကြည့်ရင်း ကျန်းဟာအိုမလိုမကျ။
"အရသာရှိတာတွေ ဝယ်ဝယ်မလာပါနဲ့ဆို ပြောတာလည်းနားမထောင်ဘူး မင်းဝယ်လာတော့ ငါစားမိတယ်လေ အခုကြည့် ဝိတ်လည်းတက်လာပြီ၊ ပါးလည်းဖောင်းလာပြီ၊ ဗိုက်လည်းပူလာပြီ!"
"ဟာအိုကလည်း ကလေးလေးရှိနေလို့ ဗိုက်ကပူလာတာလေ"
ဆိုဖာပေါ် ထိုင်ကာ တီဗီကြည့်နေရင်း ပေါင်ပေါ်ကိုယ်တိုင်ဆွဲယူတင်ထားသည့် ခြေတံများကို ဟန်ဘင်းနှိပ်ပေးဖို့မမေ့ပါ။ ခြေဖမိုးလေးတွေတောင် အနည်းငယ်ဖောင်းနေပါပြီလေ။
"ခြေထောက်ရေနွေးစိမ်မလား ခြေထောက်တွေယောင်နေသလိုပဲ?"
"မနေ့ကလေးတင် စိမ်ထားတာကို"
ဆူပုတ်ပုတ်နှင့် အာလူးကြော်စားနေသူဟာ အရင်ကထက် အနည်းငယ်ပြည့်လာပြီး ဗိုက်ကလေးကလည်းရှေ့ကို အနည်းနည်းလုံးထွက်နေပါပြီ။ ဒါပေမဲ့ ဒါက ဟန်ဘင်းမျက်လုံးထဲ အူယားစရာ။ အရင်ကျန်းဟာအိုမှာ ဆွဲဆောင်မှုရှိပြီး အခုလိုပြည့်ပြည့်ဖောင်းဖောင်းလေးကတော့ အရမ်းချစ်ဖို့ကောင်းနေပြန်သည်။ သူ့အမြင်မှာတော့ ဟာအိုမလှတဲ့နေ့ဆိုတာ ရှိလာမည်မဟုတ်ပါ။
ဒါပေမဲ့ ဟာအိုကတော့ အလိုမကျ သူ့ဗိုက်လုံးလုံးလေးကိုသာ ပွတ်နေလို့။
ထိုပုံလေးက အသည်းယားဖို့ကောင်းနေတာကြောင့် ဟန်ဘင်းပါးကိုဆွဲညှစ်မိလိုက်သည့်အခါမှာတော့ ကြမ်းပြင်မှာထိုင်နေသည့် ဟန်ယူဂျင်းထံမှ လေဆာလိုအကြည့်နဲ့ အကြည့်ချင်းဆုံပါတော့သည်။
"ဒယ်ဒီ ပါပါးကိုအရမ်းမဆွဲပါနဲ့ သူ့အသားကနုနုလေး အခုဆိုပိုတောင်နုမှာကို"
"အေးပါအေးပါ"
ချန်ချန်မှာအခုတလော ထူးထူးဆန်းဆန်းအပြင်မှာလည်း သွားမကစား၊ စကားလည်းနားထောင်ပြီး ဟာအို့နားက မခွါပါ။ သူ့ပါပါးကို အရိပ်တကြည့်ကြည့်။ အရင်က ဟန်ဘင်းနဲ့ဟာအို့ကို လွှတ်ထားပေမဲ့ ဒီကလေးက အခုတော့ သူ့ဒယ်ဒီနဲ့အပြိုင် ဟာအို့နားကပ်ဖို့ကြိုးစားနေသည်။