🐰•5

1.3K 185 95
                                    

ဒါပထမဦးဆုံး သူနဲ့ ချန်ချန် ဟန်ဘင်းအိမ်ကိုရောက်ဖူးတာပဲ။ ဟန်ဘင်းနဲ့ ဟာအိုတို့ တိုက်တစ်တိုက်ထဲ အတူတူနေတာဖြစ်လို့ တိုက်ခန်းဖွဲ့စည်းပုံချင်းတူပေမဲ့ အပြင်အဆင်ကတော့ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းပါ။ သူနဲ့ ချန်ချန်ရဲ့ တိုက်ခန်းက အရောင်အသွေးစုံလင်တဲ့ ကလေးကစားစရာပစ္စည်းတွေ၊ သူ့အကြိုက် ပန်းရောင်နံရံကပ်စက္ကူအလှလှလေးများနဲ့ နွေးထွေးသယောင်ရှိပြီး နူးနူးညံ့ညံ့ ခြုံစောင်တွေက နေရာတိုင်းအလိုလို ရှိနေတတ်တယ်။ အကြောင်းကတော့ ကျွန်တော်ကလွယ်လွယ်နဲ့အေးတတ်လို့ပဲ...ပြီးတော့ နူးညံ့တဲ့အရာတွေကို ကျွန်တော်ရော ချန်ချန်ပါ သဘောကျတယ်လေ။

"ဝါး...ပါပါး သားတို့အိမ်နဲ့ ဘာလို့ဒီလောက်တောင် ကွာနေရတာလဲ?"

ကလေးတစ်ယောက်ရှိတဲ့အိမ်က သေချာပေါက် လူလွတ်တစ်ယောက်ထဲ နေတဲ့အိမ်နဲ့ယှဉ်ရင် ပစ္စည်းပိစိ ကွစိလေးတွေနဲ့ ရှုပ်ပွပြီး ပိုအသက်ဝင်နေမှာပါ။

ဟန်ဘင်းအိမ်ကတော့...

ဘယ်လိုပြောရမလဲ ပိုင်ရှင်နဲ့ တစ်ပုံစံထဲလို့ ပြောရမလား သန့်ရှင်းသပ်ရပ်ပြီး တည်ငြိမ်တယ်၊ minimalist ဆန်စွာ အဖြူနဲ့ အနက် နှစ်ရောင်သာသုံးထားပြီး နံရံဖြူတွေနဲ့ ပရိဘောဂအနက်ရောင်တွေကို တွဲစပ်ထားတာက ရိုးရှင်းသယောင်နဲ့ ဆန်းသစ်နေတယ်လေ။ အိမ်ထဲဝင်လိုက်တာနဲ့ Alpha Pheromone အနံ့သာမက ယောကျာ်းဆန်တဲ့ဟောမုန်းအငွေ့အသက်အပြည့် ဖြစ်နေတာကြောင့် နောက်ထပ်တစ်လှမ်းလှမ်းဖို့ကို အဟမ်း...ရင်တဖိုဖို ရှက်စိတ်ပိုသွားရပါတယ်။

"အင်း...ဒါက Alpha တစ်ယောက်ရဲ့အိမ်ပုံစံပေါ့"

"အာ...ကျွန်တော်က Alpha မဟုတ်ပါဘူး"

ဟမ်! ဟမ်! ဟမ်! ဒီလောက်ချောမော ခန့်ညားပြီး
Masculine energy ပြည့်လျှံ့ထွက်နေတဲ့ယောကျာ်းက omega လို့တော့မပြောလိုက်နဲ့နော်၊ ဟန်ဝေ့ချန်သူ့ကို Alpha လို့ သေချာပေါက်ပြောထားတာပါ။ pheromone အနံ့ကလည်း Alpha ဆိုတာ သေချာသလောက်ကို...
ဘုရားသခင် ကျွန်တော့်ကိုမချစ်တော့ရင်တောင် မမုန်းလိုက်ပါနဲ့နော်...ကျွန်တော် အမဲအူနှစ်ယောက်စာပွဲကို တစ်ယောက်ထဲစားတာကလွဲရင် ကျန်တာ ဘာအပြစ်မှမလုပ်ထားဘူးလေဗျာ...

𝑯𝒆𝒍𝒍𝒐,𝑻𝒆𝒂𝒄𝒉𝒆𝒓! 𝑴𝒚 爸爸 𝒍𝒐𝒗𝒆𝒔 𝒚𝒐𝒖 ᡣ𐭩Where stories live. Discover now