Part - 8

272 33 14
                                    

>> Unicode <<
~~~~~~~~~~~~

အိမ်ခြေများသောရပ်ကွက်တစ်ခု၏ လမ်းသွယ်လေးထဲတွင်ဖြစ်သည်။ လမ်းထဲသို့ဝင်လာသည်နှင့် မောင်းနှင်လာသည့်ကားကိုအရှိန်လျှော့ရင်း တိုင်းမြတ်ဝဿန်၏မျက်လုံးများကလည်း ဘေးဘီဝဲရာကစားကြည့်နေသည်။ ခြံတစ်ခြံအရှေ့တွင်ကားရပ်လိုက်ပြီး‌နောက် ခြံအတွင်းသို့လှမ်းကြည့်တော့ ကြက်တူရွေးနှင့်တူတဲ့ကောင်လေးကို တွေ့လိုက်ရ၏။

" ကိုကို!! "

တိုင်းမြတ်ကိုမြင်တာနှင့် ဝမ်းသာအားရပြေးထွက်လာတဲ့ကောင်‌လေးရဲ့ခြေထောက်တစ်ဖက်ဟာ ထော့နဲ့နဲ့။ ခြံတံခါးဖွင့်ပြီးဝင်လာတဲ့ တိုင်းမြတ်လည်း အနားကိုရောက်လာတဲ့ကိုယ်အိအိလေးကို ဆီးကြိုထွေး‌ဖက်လိုက်ရင်း..

" ဒီနေ့တော့ အိမ်မှာပဲဆော့နေတယ်ပေါ့ "

" ကို..ကိုကို... "

" ဗျာ "

" သားဆီ... သားဆီ.. လာတာလား..ဟင် "

" ဒါပေါ့၊ မင်းဆီမလာရင် ဘယ်သူ့ဆီလာရမလဲ "

ကောင်လေးရဲ့လက်လေးတစ်ဖက်ကိုဆွဲပြီး ခြံထောင့်က အဖြူရောင်ဒန်းလေးနားခေါ်လာတော့ အလိုက်သင့်ပါလာ၏။ တိုင်းမြတ်ထိုင်လိုက်တာနှင့် သူကလည်း ဘေးမှာလိုက်ထိုင်ပြီး ရုပ်လေးကပြုံးစိစိ။

" သားက.. ကိုကို့ကို... သတိ..ရ..ရနေတာ.. "

တိုင်းမြတ်ပြုံးကာ ကောင်လေးရဲ့ဆံပင်တွေပွတ်သပ်ရင်း..

" ကိုယ်လည်းသတိရပါတယ်၊ ခြေထောက်ကသက်သာလား "

" နာ... နာ‌တယ်... မေက..ဆေး..လိမ်း..ပေးတယ် "

စကားတစ်ခွန်းပြောဖို့ အရှိန်ယူနေရင်း မျက်လုံးတွေပါမှိတ်ပြီး ပုခုံးလေးတွေပါတုန်သွားတတ်သည်။

" အင်း ဆေးလိမ်းရင်ပျောက်သွားမှာ "

" ကိုကို.. "

" ဗျာ "

" ကို..ကိုကိုက... မအားဘူးလား "

" အားပါတယ်၊ အားလို့ မင်းကိုလာတွေ့တာလေ၊ ဘာဖြစ်လို့လဲ "

" မေက.. ပြောတယ် "

" အင်း "

" ကိုကို.. မ..မအား..ဘူးတဲ့ "

Be My August Where stories live. Discover now