Chapter-9

129 28 5
                                    

"မပြချင်ဘူးလား"
ချီကျားယန် စိတ်ပျက်သွားခဲ့မိသည်။
"ဒီနေ့က ကျွန်တော့် မွေးနေ့ကို.....ကျွန်တော့်ရဲ့ နောက်ဆုံးမွေးနေ့ ဆုတောင်းလေးကိုတောင် မဖြည့်ဆည်းပေးချင်ဘူးလား??''

သနားကမား မျက်နှာလေး  လုပ်ပြနေပုံက သူ၏အကျင့်စရိုက်နှင့် မလိုက်မဖက််။ အတန်းသားတွေနဲ့ ပြည့်နှက်နေသည့် စာသင်ခန်းကြီး တစ်ခုလုံးကို ထိန်းချုပ်ထားတာ သူမဟုတ်တော့သည့်အတိုင်း။

၎င်းသည်ကား အရွယ်ရောက်သင့်သလောက် ရောက်နေခဲ့ပြီဖြစ်၍ ဘဝထဲက ရှိရှိသမျှသော အရေးကိစ္စများကို လုံလုံလောက်လောက် ဖြေရှင်းနိုင်စွမ်းရှိနေပြီဖြစ်သော်ငြား သေမင်းနှင့်ပတ်သတ်လာလျှင်မူ သူဘာမှ မစွမ်းသာတော့ချေ။

သေမင်းက မျက်နှာဖုံးကို ချွတ်လိုက်ပြီးနောက် ခံစားချက်ကင်းမဲ့နေသော မျက်နှာမျိုးဖြင့် သူ့အား စိုက်ကြည့်လာခဲ့သည်။

ထိုသူက နေရာမှာတင် ဘာဆို ဘာခံစားချက်မှ​မရှိ၊ ဂရုစိုက်မှုတို့ မရှိ၊ ဝမ်းနည်းခြင်းတို့မရှိ ၊ ပျော်ရွှင်ခြင်းတို့မရှိဘဲ ရပ်နေခဲ့သည်။

ချီကျားယန်အနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးသော ဤချောမောကာပြတ်သားလှသည့် မျက်နှာမျိုးကို သဘောတကျ ဖြစ်ရမည် ဆိုပေမယ့် ၊ ဤမျက်နှာက အေးစက်ရှတနေတဲ့ ဓားသွားတစ်ခုနှင့် တူနေသည်ကို အံ့ဩတကြီး ဖြစ်သွားသင့်သည်ဆိုပေမယ့် ထိုအစား သူက နုံအအ ဖြစ်စွာဖြင့် ငေးနေရုံသာ တတ်နိုင််ခဲ့သည်။

နှစ်ဦးသား တစ်ယောက်ဆီမှ တစ်ယောက်ထံသို့ ကျရောက်နေသည့် အကြည့်များကို တော်တော်နှင့်မဖယ်မိခဲ့ကြ။ အခုလို တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့ကြသည့် အချိန်မှာ သေမင်းအနေဖြင့် ရှင်းပြနိုင်ဖွယ်မရှိသော ရင်းနှီးသည့် ခံစားချက်မျိုးကို ရရှိနေခဲ့ပြီး ထိုရင်းနှီးမှုသည်ကား ဖြည်ဆည်ရန် ခက်ခဲသော ချည်လုံးတစ်လုံးနှယ် ရစ်ပတ်နေခဲ့ကာ သူ့ဖက်က လက်လွှတ်လိုက်သည်နှင့် ပျောက်ပျက်သွားတော့မည့်ဟန်။

သေမင်းလည်း ခပ်သွက်သွက်ပဲ မျက်နှာဖုံးအား ပြန်တပ်လိုက်ပြီး ၎င်း၏ မျက်နှာအား ပြန်ကွယ်ထားခဲ့လိုက်တော့သည်။

သေမင်းနှင့် ချစ်ကျွမ်း၀င်ခြင်း [MM Translation]Where stories live. Discover now