💌 01 💌

344 18 0
                                    

Uni Code

မနက်ခင်းဟာ ကြည်လင်တဲ့ကောင်းကင်နဲ့ နူးညံ့တဲ့နံနက်ခင်းလေပြည်လေးရယ်နဲ့ သူ့ဟာနှင့်သူ သာယာတဲ့မနက်ခင်းတစ်ခုရယ်ပါလို့ ပေါ်လွင်နေသည်။ မနက်ခင်းနေရောင်ခြည်နွေးနွေးက အိပ်နေသူကို နိုးထစေချင်ပုံပင်။ မျက်နှာပေါ်သို့ တိုက်ရိုက်ကျလာတော့သည်။

" မေမေကတော့ လုပ်ပြန်ပါပြီ...ဒီမှာ အိပ်မက်ကလေး ကောင်းနေတဲ့ဟာကို "

ဂျီမင်းမေမေသည် မနက်နေမထွက်ခင်ကပင် အိပ်ယာထတတ်ကာ ဂျီမင်းအခန်း၏ ပြတင်းလိုက်ကာကို အမြဲလာတင်ထားတတ်သည်။ သူနှိုးစရာမလိုဘဲ နေရောင်ကျတာနဲ့ သူ့သားနိုးမည်ဖြစ်ကြောင်းကို သေချာသိနေသူဖြစ်သည်။

မေမေကတော့ လုပ်စရာမရှိလည်း နေ့တိုင်းအစောကြီးထခိုင်း၏။ မျက်နှာသစ် မနက်စာစားသောက်ပြီး၍ ပြန်အိပ်ရင်ကျ သူလက်ခံသည်။ သားအမိနှစ်ယောက်တည်းမို့ ထမင်းစားတိုင်း လက်စုံစားရမှ မေမေကျေနပ်သည်။

" မေမေ ဒီနေ့ဘာချက်လဲဟင် "

" ထမင်းကြော်ထားတယ်ရှင် ပဲလေးနဲ့စား
ကြက်သားကြော်လေးနဲ့ "

" အကြိုက်ပဲ စားကြမယ်လေ... သားဘာကူပေးရဦးမလဲ "

" မလိုပါဘူးရှင် အားလုံးအဆင်သင့်ပဲ
ပန်းကန်တော့ ကူသယ်ပေးလို့ရမယ် လာ "

" ဟုတ် "

ဂျီမင်းက နှစ်ဆယ့်ငါးနှစ်အရွယ် ဒစ်ဂျစ်တယ်အာ့တစ်လေးတစ်ယောက်ဖြစ်သည်။ သူ့ဝင်ငွေ၏တစ်ဝက်ကို မေမေ့အား လတိုင်းအပ်သည်။ တစ်ဝက်ကပင် ဂဏန်းခြောက်လုံးရှိသဖြင့် မေမေကတော့ သုံးမကုန်၍ ကျန်သမျှစုဆောင်းထားတတ်သည်။

" မေမေ ကြိုက်တာမှန်သမျှ ဝယ်နော် စားနော် သူငယ်ချင်းတွေနဲ့ ရှော့ပင်တွေဘာတွေထွက် ပြီးရင် သူတို့ကိုလည်း ဝယ်ကျွေးပေါ့ "

" မကျွေးချင်ပါဘူး မေ့သားက အပင်ပန်းခံရှာထားရတာကို လှူပဲလှူမယ် သူတို့ကိုမကျွေးချင်ဘူး "

မေမေဟာ ကလေးဆန်နေသလား မပြောတတ်ပေမယ့် ကျွန်တော့်မျက်လုံးထဲတွင်တော့ ချစ်စရာအကောင်းဆုံး အမျိုးသမီးပင်။ စားလို့သောက်လို့ပြီးတဲ့အခါ ဂျီမင်းတစ်ယောက် ထုံးစံအတိုင်း ချစ်ရသူနောက်လိုက်ဖို့ ပြင်တော့သည်။

ဦးWhere stories live. Discover now