Uni Code
" ဂျွန်ဂျောင်ဂု! "
" နင်ဘာအချိုးတွေချိုးနေတာလဲ ဟမ်! "လူမှန်းသိတတ်စအရွယ်ကတည်းက အသဲထဲနင့်နေအောင် မုန်းရသည့်အသံ။ ဘယ်အချိန် ဘယ်နေရာကြားကြား ဒေါသထွက်လောက်အောင်ထိ မုန်းပါသည်။ မွေးကျေးဇူးဆိုတာတွေနဲ့ လူကိုချုပ်ကိုင်နေသူ။
" ဟမ်! နာဟွန်းပြောလို့ ငါအကုန်သိပြီးပြီ
နင် ငါ့လမ်းကနေ လမ်းချော်ဖို့ကြိုးစားမယ်မကြံနဲ့နော် "" ဂျွန်အင်နာ! အသံလျှော့စမ်း! "
" အဖေ! အဟမ်း အဖေက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ "
" ငါ့မြေးဆီ ငါလာတာ ဘာဖြစ်သလဲ
ငါ့မြေးက အသက်သုံးဆယ်ကျော်နေပြီ နင်ဘာတွေ လာကြိုးကိုင် ချုပ်ကိုင်နေတာလဲ နင်ဘာမှဝင်စွက်ဖက်စရာအကြောင်းမရှိဘူးနော်... အဲ့မိန်းကလေးက ငါ့မြေးကို စိတ်ဒုက္ခတွေပေးနေတယ် နင်တစ်ခုခုလုပ်ဖို့ စဉ်းစားထား "" အဖေနဲ့ ဘာဆိုင်လို့လဲ သမီးသားကို သမီးစီမံနေတာ ကောင်းစေချင်လို့... "
" အေး နင်လည်း ငါ့သမီးပဲ
နင်ကောင်းဖို့ ငါစီမံပေးမယ်လေ "" သမီးအသက်မငယ်တော့ဘူးနော် အဖေ့ "
" အဟွန်း.. သူ့ကျ သိတတ်ပါ့ "
" သွား! ပြန်! ငါ့မြေးကို ထပ်မနှောက်နဲ့ ဘာမှလည်းထပ်မကြံစည်နဲ့... မဟုတ်ရင် ငါနဲ့တွေ့မယ် "ဂျောင်ဂု စကားတစ်ခွန်းပင် ဝင်မပြောခဲ့ပါ။ တောက်အကျယ်ကြီးခေါက်ကာ ဂျောင်ဂုကို ပြာကျမတတ် မျက်စောင်းထိုးကာ စောင့်အောင့်ထွက်သွားသည့် အမေဆိုသူကို ဂျောင်ဂု မျက်ခုံးတစ်ဖက်ပင့်လျက် ပြုံးပြုံးလေးကြည့်နေလိုက်သည်။ အဖိုးကို ထိုအမျိုးသမီးကြီးမကျော်နိုင်ဘူးလေ။
" ကဲ အဖိုးတာဝန်ကျေပြီနော် "
" အဖိုးက အမြဲအကောင်းဆုံးပဲဗျာ... ကျွန်တော်နဲ့ Chess ဆော့ရင်း ဒီမှာပဲ တစ်ပတ်တန်သည် တစ်လတန်သည် နေပါလား အဖိုးရယ် "
" ငါးပွဲဆော့မယ် ငါရှုံးရင် ငါ့မြေးစိတ်တိုင်းကျနေမယ်... ဘယ်လိုလဲ စိန်သလား "
" အဖိုးမြေးပါနော် ကြာသလားလို့ စိန်တယ် "
လေးပွဲအထိ တစ်ယောက်တစ်လှည့် အနိုင်အရှုံးက သရေကျလို့နေသည်။ ဂျောင်ဂုမှာ အဖိုးကိုနိုင်ဖို့အရေး အရမ်းအာရုံစိုက်လွန်းနေသဖြင့် တစ်ကွက်မှားရွှေ့မိလေသည်။ သို့သော်လည်း နောက်ဆုံးပွဲမှာ ဂျောင်ဂုနိုင်သွားခဲ့သည်။ အဖိုးက သပ်သပ်အရှုံးပေးလိုက်တာ သူသိပါ၏။ ဘဝမှာ အဖေပြီးရင် အဖိုးက သူ၏အချစ်ရဆုံး အားအကိုးရဆုံး သူ့ကို အလိုလိုက်ဆုံးလူပင်။

YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။