💌 08 💌

106 17 3
                                    

Uni Code

" ဦးငယ် ကျွန်တော်ပြောစရာရှိလို့ "

ဒီရက်ပိုင်း ဦးငယ်က သူ့အလုပ်နဲ့သူရှုပ်နေခဲ့တာကြောင့် ဂျီမင်းကို လာမရှုပ်နိုင်ဘဲရှိနေသည်။ အခုလည်း သူလာမရှုပ်တာကြောင့် ဂျီမင်းက သွားရှုပ်ဖို့ရောက်လာခြင်းဖြစ်သည်။

" ဘာလဲ နောက်မှပြောကွာ "

" အရေးကြီးတယ်ဗျ "

" ဒါဆိုလည်း မြန်မြန်ပြောကွာ "

အရေးကြီးတယ်ရယ်လည်းမဟုတ်ပေမယ့် ပြောကိုပြောရမယ့်ကိစ္စဖြစ်သော်လည်း ဦးငယ်က အလောတကြီးတွေဖြစ်ပြနေတော့ ညစ်ချင်သည့်စိတ်ကလေးက တာ့တာပြလာတော့သည်။

အရေးကြီးပေမယ့် မြန်မြန်ပြောလို့မရတာကြောင့် နောက်မှပဲပြောမည်ဟု ဂျီမင်းပြောလိုက်ပြီး ခပ်တည်တည်ပင် ဦးငယ်အခန်းမှပြန်ထွက်လာခဲ့သည်။ တနုံ့နုံ့ဖြစ်နေခဲ့ပြီး ညအိပ်မပျော်စေချင်တဲ့ စေတနာလေးတစ်ခုနဲ့ပေါ့။ သို့သော် ဂျီမင်းအခန်းတံခါးလှည့်အပိတ် သူ့အနောက်ကပ်လျက်မှာ လာရပ်နေသည့် ဦးငယ်ကိုမြင်လိုက်ရတာကြောင့် အကျယ်ကြီး ထအော်မိတော့သည်။

" လန့်လိုက်တာ! ဦးငယ်က ဘာလုပ်တာလဲဗျ! "

" လုပ်တာက မင်းလေ... ဘာကို ညစ်မယ်ကြံနေတာလဲ ပြောစရာရှိတာကိုပြော ယီးတီးယားတားမလုပ်နဲ့ "

" ပြောမယ်! အခန်းထဲလိုက်ခဲ့ "

သူမအားတာကို လာရှုပ်ရလောက်တဲ့အထိ ကိစ္စမကြီးနေပါက လူကို ပွေ့ရမ်းကာ အမှိုက်ပုံးထဲသွားပစ်မည်ဖြစ်ကြောင်း ပွစိပွစိပြောကာ ကြိမ်းနေတော့သည်။ နောက်မှပြောမယ်ပြောရဲ့သားနဲ့ သူ့ဘာသာလိုက်လာပြီးတော့ လူကို လာပြီးဟိုပြောဒီပြောနဲ့။

ဂျီမင်း သူ၏ MacBook ကိုထုတ်လိုက်ပြီး ပုံတစ်ပုံပြလိုက်သည်။

" မင်းဆွဲထားတာလား ငါ့ပုံလေ... ဒါပြဖို့လား "

" ဒါ ကျွန်တော့်ကို လူတစ်ယောက် လာဆွဲခိုင်းတာ အဲ့ပုံ ကျွန်တော်တောင်မမြင်ဖူးဘူး "

" စလာဆွဲခိုင်းကတည်းကမပြဘူး အခုမှ ဘာလို့လာပြတာလဲ "

" ပျင်းလို့လေ "

ဦးWhere stories live. Discover now