Uni Code
ကုမ္ပဏီအကြီးကြီး၏နှစ်ပတ်လည်ပါတီသည် တကယ်ကို လူနည်းစုနဲ့ပဲဖြစ်ခဲ့သည်။ သို့သော် လူနည်းစု၏တစ်ဝက်မှာ တောင်ကိုရီးယား၏ ဒိတ်ဒိတ်ကြဲသူဌေးကြီးများဖြစ်ကြောင်း ဂျီမင်းမှတ်မိလိုက်သည်။
ဦးငယ်က စီးပွါးရေးသမားဟုမပြောရအောင်ပင် ရောက်တာနဲ့ လူတချို့နဲ့ စကားလက်ဆုံကျနေခဲ့ပြီဖြစ်သည်။ ဂျီမင်း ဦးကိုမတွေ့ရသေးတာကြောင့် ဟိုဟိုဒီဒီကြည့်နေတုန်း လူတစ်ယောက်က စကားလာပြောသည်။
" ဒီကလူလေး ဘာရှာနေတာလဲ "
" ဗျာ "
ဖြူစွတ်နေသည့်အသားအရည်နှင့် မျက်ရစ်မပါသည့်မျက်လုံးဖြစ်သော်လည်း ရှိန်လောက်စရာအကြည့်တွေနဲ့လူတစ်ယောက်။
" ဘာရှာနေတာလဲလို့ ဘယ်သူ့ဧည့်သည်လဲ "
" ဥက္ကဌဂျွန်ဂျောင်ဂုကိုရှာနေတာ သူ့ဧည့်သည်.. "
" အော်... ငါ့နာမည် မင်ယွန်းဂီပါ ဂျောင်ဂုသူငယ်ချင်း... ဒါနဲ့လေ မေးစရာလေးရှိလို့ ... "
ဂျောင်ဂု အဖိုးနဲ့စကားသွားမပြောခင် ကောင်လေးကိုမြင်လိုက်တာကြောင့် ပြန်ထွက်လာတာနဲ့ ရှာမိသည်။ ကောင်လေးက မင်ယွန်းဂီနဲ့ခေါင်းချင်းဆိုင်ကာ တစ်ခုခုကို အသည်းအသန်ဆွေးနွေးနေကြသည့်ပုံပင်။ ပြောနေရင်း ပြုံးပြုံးသွားသည့်ချာတိတ်မျက်နှာကိုကြည့်နေရင်း ဂျောင်ဂု ခြေလှမ်းတွေက ထိုနှစ်ယောက်ဆီသို့ အစောတလျင်လျှောက်နေမိသည်။ တော်ရုံပြုံးပေါ့။ ဘာတွေအဲ့လောက်ပြောနေကြပါလိမ့်။
" ကောင်လေး "
" အော် ဦး... "
" ချာတိတ်က ယွန်းဂီနဲ့သိတာလား "
" မသိခဲ့ပါဘူး ဒါပေမယ့် အခုသိသွားပါပြီ "
ယွန်းဂီက ပြန်ဖြေတော့ ကောင်လေးကလည်း ဘေးကနေခေါင်းလေးငြိမ့်ပြနေသည်။
" ပက်ဂျီမင်း... နောက်မှပဲ ဖုန်းဆက်ပြီး ထပ်ပြောတော့မယ် သူဖိတ်ထားတဲ့သူဆိုတော့ နည်းနည်းကပ်စေးကုပ်နေပုံမို့... "
ယွန်းဂီဟျောင်းအပြောကြောင့် ဦးကိုကြည့်လိုက်တော့ ဦးကပြုံးနေသည်။ ဦးရဲ့နှုတ်ခမ်းပါးအောက်ကမှည့်နက်ကလေးက ဂျီမင်းနှလုံးသားအား လှမ်းနှုတ်ဆက်လာသည်။ ဂျီမင်းစိတ်ညစ်သွားသည်။ ဘယ်လိုလူကြီးကိုမှကြိုက်မိသလဲမသိ။ ကြိုက်မိလို့များ ခေါင်းစခြေဆုံး သူ့နှလုံးသားလေးကို အသက်ဝင်စေသလားမပြောတတ်တော့ပေ။
YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။