Uni Code
နေ့တစ်နေ့ကိုစတင်ပြီး နေ့စဉ်ပုံမှန်ဘဝကိစ္စ စားတာသောက်တာတွေပြီးတာနဲ့ ဂျီမင်းအလုပ်မသွားခင် စျေးကိုပြေးတဲ့အလုပ်တစ်ခုထပ်တိုးလာသည်။ သစ်ခွဖြူဖြူတွေက ဒီနေ့အတွက်မုဒ်ဖြစ်ပုံရသည်။ စျေးရောက်တာနဲ့ တန်းမြင်မိတာ အဖြူရောင်သစ်ခွတွေပဲ။ ချစ်တဲ့သူကို ပန်းဖြူဖြူတွေပေးပါတဲ့။ အဖြူးစင်ဆုံးချစ်ရပြီး အရာအားလုံးကို အရှုံးပေးပြီးသားပါဆိုတဲ့အဓိပ္ပါယ်ရှိကြောင်း ဟိုတလောလေးက flower page ကနေ ဖတ်လိုက်ရသည်။
သစ်ခွအဖြူလေး သုံးခက်အားဝယ်လိုက်ကာ ပန်းစည်းကလေးဖြစ်စေလိုက်သည်။ ထို့နောက် ပိုင်ရှင်အသစ်ဆီသို့ပို့ပေးရန် ဂျီမင်းတက်ကြွစွာပင် ကုမ္ပဏီသို့ထွက်လာခဲ့သည်။
သို့သော် ဆိုင်ကယ်ရှိမနေခဲ့ပေ။ ဂျီမင်း စိတ်ညစ်သွားပြီး လှည့်ပြန်ချင်စိတ်ပေါက်သွားသည်။
" ဟျောင်း ဟျောင်း "
ပန်းတွေထားပေးနေကျ ကလေးလေးက ဂျီမင်းဘောင်းဘီကို လာဆွဲကိုင်ပြီး ခေါ်နေခြင်းဖြစ်သည်။
" အင်း ကလေးလေး ဘာလို့လဲ "
" ဒီနေ့ ဆိုင်ကယ်နဲ့ဦးလေးကြီးကို မတွေ့ဘူး "
" အေး ငါလည်း မတွေ့ဘူး "
" ဗျာ... "
" ဘာမှမဟုတ်ဘူး ဆက်ပြော "
" အဲ့ဆိုင်ကယ်မလာပေမယ့် ကားလှလှကြီးတွေ့တယ် ဟျောင်း... အနက်ရောင်ပြိုင်ကားကြီး "
" ဟုတ်လား သူနေမှာပေါ့ တော်သေးတာပေါ့ မလာဘူးထင်လို့ ငါပြန်တော့မလို့ "
" သားပန်းထားပေးရဦးမလား ဟျောင်း "
" ရတယ် ရတယ် ဒီနေ့တော့ ကိုယ့်လက်နဲ့ကိုယ် ထားလိုက်မယ် ရော့... သတင်းပေးလို့ သတင်းခပေးတာ "
" ဟုတ် ဟီး... "
ကားအမိုက်စားဆို ဦးပဲဖြစ်လိမ့်မည်ဟု တစ်ထစ်ချတွက်ကာ မြေအောက်ကားပါကင်သို့ အပြေးသွားကာ ကားကိုရှာလိုက်၏။ ၅ မိနစ်ခန့်ရှားပြီးနောက် Luxury ကားတစ်စီးပေါ် ပန်းစည်းလေးတင်ပြီး ဘယ်သူမှမမြင်ခင်မှာပဲ ဟန်မပျက်မသိသလိုလေး လမ်းသွားလမ်းလာပုံစံပြန်ဖမ်းလိုက်၏။ ကားအဆင်ကြည့်တာနဲ့ ဘယ်သူစီးလဲ သိပ်သိသာလွန်းသည်။ ဦးက သူနဲ့ပတ်သက်သမျှ သူ့ vibe ရနေတတ်တဲ့သူမျိုး။

YOU ARE READING
ဦး
Fanficပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။