Uni Code
အမျိုးသမီးပက်က သူ့ရှေ့မှာ ပြုံးပြုံးကြီးထမင်းစားနေတဲ့သားကိုကြည့်ပြီး ပြောစရာစကားပင် ပျောက်ရှနေခဲ့သည်။
" ထမင်းကို ဘယ်လိုစားနေတာလဲ နောက်သုံးရက်လောက် အငတ်ထားလိုက်မှာနော် "
" မေကလည်း ကိုယ့်သားလေးပျော်နေတာကို လွှတ်ထားပေးပါလားဗျာ "
" ပျော် ပျော် ပြီးရင် အိမ်ခေါ်ခဲ့ဦး ခေါင်းခေါက်ချင်လို့... လောလောဆယ်တော့ နင့်ကို ခေါက်ဦးမယ် လာစမ်း! "
ပြုံးနေကတည်းက ဘာဆိုတာ အမျိုးသမီးပက်က သိနေခဲ့ပြီးသားပင်။
ထမင်းစားပွဲဝိုင်းမှ အမြန်ထကာ စားပွဲကိုပတ်ပြေးရှောင်ရသည်။ ကင်မျိုးရိုးပြီးရင် ပက်မျိုးရိုးအမျိုးသမီးရဲ့လက်ကလည်း အတော်လေးသွက်တာကြောင့်ပင်။
" မေမေ့! မှားမယ်နော် ထမင်းလေး ကြည်ကြည်နူးနူးစားပါရစေလို့ မေ! "
ထမင်းပြန်စားရဖို့ကို အတော်လေးကြိုးပမ်းလိုက်ရသည်။ မမောနိုင်မပန်းနိုင် သူကလိုက်ခေါက်ပေမယ့် ကိုယ်ကမောတာကြောင့် ဆယ့်သုံးချက်လောက် အခေါက်ခံလိုက်၏။ လက်သံပြောင်လှသည့် မာတာမိခင်ကြောင့် ပြုံးပြုံးကြီးထမင်းစားနေသည့်ရာထူးမှ ခေါင်းလေးပွတ်ကာ မဲမှောင်နေသောမျက်နှာနှင့် ထမင်းစာရသည့်ရာထူးသို့ ကျဆင်းသွားခဲ့သည်။ အမျိုးသမီးပက်ကတော့ ကျေနပ်နေပုံပင်။ ပြုံးပြုံးကြီးထမင်းစားနေ၏။
" ကလေး "
" ကောင်လေးလို့ပဲခေါ်ပါ့လား ကလေးလို့ခေါ်ရင်ကျ ရှက်လို့ "
" အိုခေ အိုခေ... "
ရည်းစားလေးအဖြစ်အဆင့်လေးတက်သွားတော့ ဒိတ်ကလေးဘာလေးလုပ်ရမည်ဟုဆိုကာ ဥက္ကဌဂျွန်ဂျောင်ဂုက မနက်ကိုးနာရီကတည်းက အိမ်ရှေ့မှာလာစောင့်နေခဲ့သည်။ အခုလည်း ကားမောင်းနေရင်း ကလေးခေါ်ပါ ကောင်လေးခေါ်ပါငြင်းပြီး စကားဆက်မပြောဘဲ လမ်းဘေးသို့ ကားချရပ်လိုက်၏။
" ဘာလို့လဲ စိတ်ဆိုးတာလား "
" မဟုတ်ရပါဘူးကွာ ပါတီတုန်းက လုပ်ခဲ့သလိုလေး ထပ်လုပ်ပေးပါ့လား "

YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။