Uni Code
" ဦးငယ် မနောက်နဲ့လို့ဗျာ... "
မနက်စောစောစီးစီး စောင်တွေလာဆွဲလိုက် ခေါင်းအုံးကို လာဆွဲလိုက်နှင့် မကြီးမငယ်လာနောက်နေသော ဦးငယ်ကို ဘယ်သူမှထိန်းမယ့်သူမရှိဘူးလားမသိ။ ညက အတွေးတွေများပြီး ညနက်မှအိပ်ပျော်ထားတာကြောင့် မနက်စောစောလာနှိုးခံရခြင်းကို အဆင့်သင့်ဖြစ်မနေပေ။ မေမေနှိုးရင်တောင် စောင်ခြုံပြီးပြန်အိပ်လို့ရသေးသည်။ အခုတော့ ဘာမှမကယ်နိုင်။
" ထစမ်းပါ ဂျီမင်းရာ.. မမပြောပြလို့ ငါသိပြီးပြီ
မင်းကြိုက်နေတဲ့သူက ငါ့ထက်တောင်ကြီးတယ်ဆို
ပြီးတော့ ကောင်မလေးလည်းမဟုတ်ဘူးဆို "မေးခွန်းတွေတန်းစီနေသဖြင့် စောစောစီးစီးဖောက်သည်ချလိုက်သော အမျိုးသမီးပက်ကို တကယ်စိတ်ဆိုးလိုက်ချင်သည်။ သားမိချင်းလည်း မညှာဘူးဗျာ။ အဲ့လိုပြောလိုက်ရင် ဒီလိုလာနှောက်တော့မှာ သူမသိတာလည်းမဟုတ်ဘဲနဲ့။ ဘာလို့ အားလုံးက ရက်စက်နိုင်ကြရတာလဲ။
" နိုးရင် အကုန်ပြောပြမယ် ဦးငယ်ရာ.. ကျွန်တော့ကို နောက်ထပ်နှစ်နာရီလောက် ပေးအိပ်ပါဦး တောင်းပန်တယ်လို့... ညက အိပ်တာ နောက်ကျလို့ပါဗျာ "
" လာတောင့်လာခဲတဲ့ ငါ့ကို မင်းက ဒါလေးတောင် အလိုမလိုက်ဘူးလားကွာ "
" မကြီးမငယ်နဲ့ သူငယ်ပြန်နေတာလား! သွား! ထွက်သွားဗျာ! အိပ်ဦးမယ် ! "
တစ်ရပ်ကွက်လုံးကြားအောင် အော်ချလိုက်တော့မှာ တခွီးခွီးရယ်ကာ ထွက်သွားတော့သည်။ တမင်သက်သက်လုပ်နေမှန်း သိပြီးသား။ ဒီလူမုတ်ယာတွေ။
အိပ်ရေးမဝလည်း ကုမ္ပဏီကိုသွားဖို့ကိုတော့ ဂျီမင်းအလွန်တက်ကြွပါသည်။ ပန်းတွေရဲ့အဓိပ္ပါယ်ကိုခဏမေ့ပြီး ဒီနေ့တော့ ဦးကို နှင်းဆီအဝါလေးသုံးပွင့်ပေးမည်။ ဒီနေ့ အဝါရောင်မုဒ်လေးဝင်နေလို့လေ။ ဒီတစ်ခါလည်း လွှင့်ပစ်မလားစိုးရိမ်မိပေမယ့် ပေးရမယ့်တာဝန်လေး ဘယ်သူမှမပေးဘဲ ကိုယ့်စိတ်ရင်းလေးနဲ့ကို သတ်မှတ်ယူထားတာမို့ ဒီနေ့လည်း ပန်းပေးမည်။
ဆိုင်ကယ်ပေါ် ပန်းလေးတင်ပြီးပြီးချင်း ဦးကထွက်လာတာမို့ ဂျီမင်းအမြန်ပြေးပုန်းရသည်။ ဘာတွေအဆင်မပြေဖြစ်လာလည်းမသိ မျက်ခုံးတန်းတွေရဲ့ဦးတည်ရာက အလယ်သို့ပြေးကြုံ့နေကြသည်။ မကြည်တဲ့စိတ်တွေ ဂျီမင်းပေးတဲ့ပန်းလေးကြောင့် အေးချမ်းကြည်လင်သွားရင် သိပ်ကောင်းမည်။

YOU ARE READING
ဦး
أدب الهواةပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။