💌 10 💌

642 43 2
                                    

Uni Code

ဂျီမင်းစကားတောင်အဆုံးထိပေးမပြောဘဲ သူယောက်ျားလေးမကြိုက်ကြောင်း ပြောပြနေသည်။ ခက်ပါရောလား ဦးရယ်။ စိတ်ကူးထဲတောင် မဆိုင်နိုင်ပါဘူးပေါ့လေ။

" ကျွန်တော်လည်း ဦးက ပထမဆုံးပါဗျာ "

အိပ်မက်တွေမကောင်းနေခဲ့တာ။ ဒါမျိုးတွေဖြစ်လာမယ်လို့တော့ ဘယ်ထင်ခဲ့ပါ့မလဲ။ ပြန်တွေးကြည့်ရင် ဦးဘက်ကပိုခဲ့တာတွေလည်း ရှိခဲဲ့တဲ့အကြောင်းကို စဉ်းစားမိတော့ ဂျီမင်းစိတ်တိုလာသည်။

" စိတ်မဝင်စားဘူးဆိုပြီး ဘာလို့ပိုပိုသာသာတွေ လာဆက်ဆံခဲ့တာလဲ... ဘာလို့ သဝန်တွေလာတိုနေတာလဲ ... ကိုယ့်ကိုယ်ကိုယ်လည်း သေချာပြန်ဆန်းစစ်ကြည့်ဦး! "

" အဲ့ဒါ... "

ဂျီမင်းအော်ပြောလိုက်ပြီး ဦးပြန်ဖြေတာကို နားမထောင်တော့ဘဲ ဦးရဲ့ခေါင်းကိုဆွဲယူလိုက်ပြီး ဦးရဲ့နှုတ်ခမ်းပါးတွေနဲ့ ဂျီမင်းနှုတ်ခမ်းထူထူတွေကို ထိကပ်နမ်းလိုက်သည်။

ဦးကတော့ ဦးနှောက်တွေ ခဏလောက်ရပ်သွားသည့်ပုံပင်။ ဘာတွေဖြစ်ကုန်လဲ သူလိုက်မမှီခင် နှုတ်ခမ်းအောက်ကမှည့်နေရာလေးကိုပါ ထိကပ်နမ်းလိုက်ပြီး ချက်ချင်းလှည့်ထွက်ခဲ့တော့သည်။

အဲ့မှာ ယောက်ျားတစ်ယောက်ဆီကရတဲ့အနမ်းဖြစ်တဲ့အပြင် ပက်ဂျီမင်းအနမ်းကို သေချာစစ်ကြည့်လိုက်။ တစ်သက်လုံးစာအတွက် အချိုဆုံးဖြစ်နေစေဖို့ အာမခံတယ်!။

" မေလို့ သိလားလို့ "

ညကအဖြစ်ကို မေမေ့ကိုပြန်ပြောပြနေခြင်းဖြစ်သည်။ မေ့သားမက်လေး ဖြစ်ချင်လည်းဖြစ်မယ် ဖြစ်ချင်မှလည်းဖြစ်တော့မယ်ပေါ့။ ဦးငယ်ကတော့ စိတ်ချရပါသည်။ ဂျီမင်းပြန်သွားတာလည်း သိလိုက်တဲ့ပုံမပေါ်ပေ။ အကြောင်းမှာ နောက်တစ်ရက်ရဲ့ မနက် ၈ နာရီအထိ အိမ်ပြန်မရောက်လာခဲ့တာကြောင့်ပင်။

" စဉ်းစားနေတာလေ... ငါမွေးထားတာ ဘယ်နားမှာမှလိုအပ်မနေဘူး! ယောက်ျားလေးပေမယ့် မိန်းမ ယောက်ျား အားလုံးမငြင်းနိုင်တဲ့ ဒီရုပ်ရည်... အကျင့်စာရိတ္တ အရည်အချင်း အကုန်ပြည့်စုံနေတာ သူက ဘာတွေမူနေတာလဲ... ငါ့သားမက်များဖြစ်လာရင် ခေါင်းကို သုံးချက်လောက်ခေါက်ပေးဦးမယ် "

ဦးWhere stories live. Discover now