💌 03 💌

129 16 2
                                    

Uni Code

ဦးက မှိုလိုပဲ။ နှစ်တစ်ဝက်အတွင်းကို တွေ့ဖူးတာ လက်တစ်ဖက်မပြည့်ခဲ့ဘူး။ လိုက်မယ်ကြံလိုက်တာနဲ့ ပျောက်သွားပြန်တော့လည်း ဂျီမင်းတတ်နိုင်တာဘာမှမရှိတော့ပေ။ မေမေကတော့ လိုက်နေပြီထင်တာ။ မဟုတ်ဘူး မတွေ့တာကြာတာများ ဆယ်နှစ်လောက်ရှိပြီထင်ရကြောင်းပြောပြလည်း မယုံပေ။ ဒီထက်ပိုရှင်းပြရင်လည်း ငိုသံကြီးထွက်လာတော့မည်။

ဒီတစ်ခါတော့ တကယ်နှစ်ဝက်လောက်ထပ်ကြာခဲ့ပါသည်။ ပြန်တွေ့ရတော့ လုံးဝမထင်ထားတဲ့အနေအထားနဲ့ ဂျီမင်း၏ရင်ကို တစ်ဖန်ပြန်လှုပ်စေခဲ့သည်။

ကုမ္ပဏီရှေ့တွင် တစ်စီးလုံးနက်ဆွေးနေတဲ့ ဆိုင်ကယ်အကြီးကြီးပေါ်ကနေ တီရှပ်အနက်ကိုယ်ကြပ်လေးရယ် ကာဂိုဘောင်းဘီနဲ့ဦးက ကြည့်မိသူတိုင်းကို ပူစေသူ။ ဆံပင်ကိုလည်း အနောက်ဘက်တွင် အနည်းငယ်စုစည်းထားသေးသည်။

" ရှေ့ကြည့်သွားလေ ငေးပြီးသွားနေရင် သေကုန်တော့မယ် "

ဂျီမင်းအငေးလွန်၍ ဦးလေးကြီးတစ်ယောက်အား ဝင်တိုက်မိခြင်းဖြစ်သည်။

" ဆောရီးပါဗျာ နှလုံးသားလေးကို ငေးနေမိလို့ပါဗျ "

အမြန်တောင်းပန်ပြီး ဆိုင်ကယ်ပိုင်ရှင်ကိုပြန်လှည့်ကြည့်တော့ အရိပ်ပင်မမြင်ရတော့ပေ။ တကယ်တော့ ကုမ္ပဏီကိုလာတာ ပထမဆုံးတွေ့ဖူးကတည်းက အကြောင်းစုံကို စုံစမ်းထားပြီးသားဖြစ်၏။ ကုမ္ပဏီကြီးတစ်ခုလုံး၏ပိုင်ရှင်ဆိုတာ စသိသိချင်းမှာ ဂျီမင်းတစ်ချက်တန့်သွားခဲ့သည်။ အရမ်းအလှမ်းဝေးနေသလိုဖြစ်နေတာကြောင့် ဆက်ကြိုက်ရမကြိုက်ရကို တစ်ဖန်ပြန်စဉ်းစားခဲ့ရသေးသည်။ အဖြေကတော့ ကိုယ့်ခံစားချက်လေးကို ထုတ်ပြလိုက်ရရင်ကို ကျေနပ်မိမည်ဖြစ်ကြောင်း...။

ဒီနေ့လည်း ဦးကို တွေ့ရမလားမသေချာပေမယ့် စျေးသို့သွားကာ နှင်းဆီပန်းနီနီလေးတစ်ပွင့် ဝယ်လာခဲ့သည်။ ပန်းတွေပေးပြီး လိုက်မယ်လေ။ ပန်းတွေကိုမကြိုက်တဲ့သူရယ်လို့ ဘယ်မှာရှိပါ့မလဲ။

ဆိုင်ကယ်ကြီးအားတွေ့လိုက်ရတော့ ရင်ခုန်သွားသည်။ ဘေးကတွေ့တဲ့ ကလေးတစ်ယောက်အား မုန့်ဖိုးပေးကာ ပန်းကို ဆိုင်ကယ်မှာ သွားထားခိုင်းလိုက်သည်။ CCTV တွေပြန်စစ်ခဲ့ရင် သူမှန်းသိသွားတဲ့အခါ မကြိုက်မှာလည်း စိုးသေးသည်။

ဦးWhere stories live. Discover now