💌 11 💌

101 15 3
                                    

Uni Code

ဂျောင်ဂု ရှေ့က LV ဆိုင်ကယ်ဦးထုပ်နှစ်လုံးကို ထိုင်ကြည့်နေတာ တစ်နာရီလောက်ရှိနေပြီ။ ပရောဂျက်အကြီးကြီးအောင်မြင်သွားတာကြောင့် ကောင်လေးက သူ့ကိုလက်ဆောင်အဖြစ် ပို့ပေးလိုက်သည့်ဦးထုပ်များဖြစ်၏။ ကောင်လေးကိုပဲ လိုချင်ကြောင်းသေချာသွားတဲ့အခါ ဘယ်လိုပြန်ပြီး စချဉ်းကပ်ရမလဲစဉ်းစားနေဆဲကာလဖြစ်သည်။ နာဟွန်းဆိုသည့်သူကို အရင်ရှင်းမှရမည်လေ။

" ကို ဦးထုပ်နှစ်လုံးတောင် လက်ဆောင်ရထားတာဆိုတော့ တစ်ခုက ဟန်နီ့အတွက်နေမယ်နော်... အဟင်း ကို့မိတ်ဆွေတွေက သိတတ်လိုက်တာ "

" ငါ့ဆိုင်ကယ်နောက်ကို ဘယ်သူ့မှ လက်လွတ်စပယ်မတင်ဘူး အဲ့ထဲမှာ မင်းလည်းပါတယ် "

" ဘာရှင့်! "

" အာရုံတွေနောက်လို့ ပြန်ပါတော့လား... နောက်လည်း ခဏခဏမလာနဲ့.. "

တောက်တစ်ချက် ပြင်းပြင်းခေါက်သွားရုံမက တံခါးပိတ်သွားပုံကလည်း ပြင်းပါသည်။ အမေဆိုသူနဲ့ ထိုအမျိုးသမီးတို့ မမှန်မကန်လုပ်နေတဲ့သက်သေတွေကလည်း အားလုံးစုမိပြီးနေပြီမို့ ဒီတစ်ပတ်အတွင်းမှာပဲ ရှင်းပစ်တော့မည်ဖြစ်သည်။ အဖိုးကလည်း ကူညီပေးနေတာမို့ အမှားအယွင်းမရှိ ရှင်းထုတ်နိုင်လိမ့်မည်။

နာဟွန်းကတော့ ဟန်နီချင်းထပ်နေအောင် ခေါ်ခံခဲ့ရတဲ့ကာလတွေကနေ ချက်ချင်းပြောင်းလဲသွားပုံကြောင့် ကြိတ်မနိုင်ခဲမရဖြစ်နေတော့သည်။ သို့နှင့် သွားနေကျနတ်ဆရာမဆီသို့ မရောက်ဖြစ်တာကြာပြီဖြစ်ကြောင်း သတိရလိုက်သည်။ ငါ့လက်ကနေ ဂျွန်ဂျောင်ဂုကို လွတ်သွားစရာ ဘာအကြောင်းမှမရှိဘူး။

" လာမယ်ဆိုတာ ငါကြိုသိနေတယ် လာ.. လာ
ခလုတ်ထိမှ အမိ တ "

" သူ အချိုးတွေပြောင်းနေလို့ "

နတ်ဆရာမသည် သူကိုင်နေကျလက်ကိုင်ခေါင်းလောင်းစုအား ဟိုဟိုဒီဒီအနည်းငယ်လှုပ်ရမ်းလိုက်ပြီး အာရုံခံလိုက်သည်။

" ပန်းလေးတစ်ပွင့် ဝင်ရှုပ်နေတာလေ အဲ့ပန်းလေးကြောင့် သူစိတ်ရှုပ်နေရတာ သူလိုချင်နေတာ သူအဲ့ဒီပန်းလေးကို မွှေးကြူချင်နေတာ "

ဦးWhere stories live. Discover now