💌 12 💌

635 49 1
                                    

Uni Code

" ကျွန်တော် ... ဟို ကျွန်တော် "

" အဲ့ကျွန်တော်ကမတက်ရင် ငါက ထပြန်တော့မှာ "

" မပြန်ပါနဲ့ဦး ထယ်ယောင်းရယ် "

ကိုယ့်ဦးလေးကိုယ် ရောင်းစားသွားသည့် တူလေးဂျီမင်းကို ထယ်ယောင်း စိတ်ကူးထဲမှာ ခေါင်းခေါက်နေမိသည်။ အပြင်ကိုညာခေါ်ပြီး တစ်နာရီကြာသည်အထိ ကျွန်တော်ကလွဲပြီး ဘာမှမပြောနိုင်နေသည့် မင်ယွန်းဂီဆိုသူနဲ့ နှစ်ယောက်တည်း ထားခဲ့သည်။ ကလေးကချေနဲ့မဟုတ်လို့ ဒီကောင်သက်သာတယ်မှတ်။ မဟုတ်ရင် ချက်ချင်းရှာပြီး သတ်ပစ်မှာပင်။

" ဗိုက်ဆာနေပြီလား ဘာစားမလဲ မှာလိုက်မယ်လေ "

" ညစာကျွေးဖို့တွေ့ချင်တာလား "

" မဟုတ်ပါဘူး... ကျွန်တော် ထယ်ယောင်းကို သဘောကျလို့ပါ ကျွန်တော့်ကို စဉ်းစားပေးနိုင်မလားလို့ ပြောချင်တာပါ "

သူ့ထက်အသက်ကြီးသော်လည်း ကျွန်တော်ဟု သုံးနှုန်းနေသူကို ထယ်ယောင်း စထိုင်ကတည်းက အကဲခတ်မိသည်။ တစ်ယောက်တည်းထိုင်နေတုန်းက အဝေးကလှမ်းမြင်ရသည့်ပုံမှာ ယင်မတောင်မသမ်းရဲ့လောက်သည့်အရှိန်အဝါရှိ၏။ သူ့ကိုမြင်လိုက်သည့်အချိန်ကစပြီးနောက်တွင်တော့ ထယ်ယောင်းလိုအချောလေးကို ကြောက်နေပုံပေါ်သည်။

" ငါ့.. ကျွန်တော့်ကို ဘာလို့ကြောက်နေတာလဲ "

" ထယ်ယောင်းကိုကြောက်နေတာမဟုတ်ပါဘူး
ထယ်ယောင်းမကြိုက်တာကို မသိလိုက်ဘဲ လုပ်မိသွားမှာ ပြောမိသွားမှာ စိုးလို့ "

" မကြောက်ပါနဲ့ ပုံမှန်အတိုင်းပဲနေပါ ...ဖွင့်ပြောတာကိုလည်း လက်ခံတယ် စမ်းကြည့်ချင်တယ် ဒီရုပ်ရည် ဒီအရှိန်အဝါ ကျွန်တော့်စတိုင်ပဲ "

ယွန်းဂီ ရယ်လိုက်ပြီး ထကာ ထယ်ယောင်းဘေးသို့ သွားလိုက်ပြီးနောက် ထယ်ယောင်းမျက်နှာဘေးသို့ အနီးဆုံးအထိကပ်သွားလိုက်ပြီး

" အတည်ဖြစ်ချင်တဲ့အထိ သေချာချစ်ပေးမှာမို့ စိတ်ကိုသာ ပြင်ထားလိုက်တော့ "

တစ်နာရီကြာ ကျွန်တော်ချင်းထပ်ပြီး စကားရှေ့မရောက်သူက သူမီးစိမ်းပြလိုက်သည်နှင့် ချက်ချင်း လူပြောင်းသွားသည့်အတိုင်းပင်။ ထယ်ယောင်း ကြောင်ငှစွာကြည့်နေမိတော့ တစ်ဖက်လူက သူ့နဖူးအား နမ်းလာသည်။ ဘယ်လိုလူတုန်း။ ကြောက်ဖို့ကောင်းလိုက်တာ။

ဦးWhere stories live. Discover now