💌 06 💌

112 17 2
                                    

( Ranunculus flower in Cover )

Uni Code

ဂျီမင်း ပို့စ်ကတ်ပေါ်မှာ သူ့ရဲ့အလှဆုံးလက်ရေးနဲ့ " ဦးရဲ့စွဲဆောင်မှုအောက်မှာ ကျဆုံးသွားသူမှ " ဟု စာလေးတစ်ကြောင်း ရေးလိုက်သည်။ ပန်းတွေဟာ ပထမဆုံးခြေလှမ်းဆို စာတိုလေးတွေက ဒုတိယခြေလှမ်းဖြစ်လိမ့်မည်။

ပန်းကတော့ သေချာပေါက်ပန်းရောင်လေးပါရမှာပေါ့။ Fall in love သွားပြီဆိုတဲ့သဘောလေးနဲ့ ပန်းရောင်ရယ် ကျရှုံးသွားရပါပြီ၊ အရှုံးပေးထားပါတယ်ဆိုတဲ့သဘောလေးနဲ့ အဖြူလေးလည်းပါရမယ်။ ကိုယ့်အတွေးလေးနဲ့ကိုယ် နေ့တစ်နေ့ဟာ ကြည်နူးစရာအပြည့်နဲ့ စတင်လာခဲ့သည်။

ဒီနေ့လည်း ဆိုင်ကယ်မတွေ့သည်မို့ ကားပေါ်ပဲတင်ရမည့်ပုံပင်။ စိတ်ကလေးကြည်နူးပြီး ခြေလှမ်းတွေကလည်း တက်ကြွနေတဲ့ဂျီမင်းပါလေ။ လူတစ်ယောက်ကို သဘောကျရတာ ဒီလိုခံစားချက်လေးဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။

" မောနင်း ဦးလေးလီ"

ပန်းလေးကို ကားပေါ်တင်ပြီး ကုမ္ပဏီထဲအဝင် လုံခြုံရေးစောင့်ဦးလေးကြီးကို နှုတ်ဆက်လိုက်သည်။

" မောနင်း ကောင်လေး... အရမ်းတက်ကြွလန်းဆန်းနေပါ့လား "

" ဟုတ်ပါ့ဗျာ "

တစ်နေကုန်ပျော်စရာလေးဖြစ်နေပြီးမှ မပျော်စရာလေးက ရုံးဆင်းချိန်မှာ စတင်လေသည်။

ဂျီမင်း ဓာတ်လှေကားစောင့်နေတုန်း ဘေးနားသို့ အတွဲတစ်တွဲလာရပ်သည်မို့ မရည်ရွယ်ဘဲ လှည့်ကြည့်လိုက်မိသည်။ ထို့နောက် ဂျီမင်းနှလုံးခုန်ပင်ရပ်သွားသည်ထင်၏။ အသက်ရှူလည်းရပ်ကာ ဂျီမင်းလောကလေးလည်း ရပ်တန့်သွားသည်။ ဦးနဲ့ ဦးရဲ့လက်မောင်းကို အသေချာချိတ်ထားတဲ့ အမျိုးသမီးတစ်ယောက်။

" ကောင်လေး... ဂျီ..ဂျီမင်းမလား "

အိုး..ကောင်းလိုက်လေ။ သူ့ကိုမှတ်မိတဲ့အပြင် နာမည်လည်းမှတ်မိနေတာဆိုတော့ ပျော်ချင်ပေမယ့် မြင်ကွင်းက ပျော်ခွင့်မပေးနေ။

" ဟုတ်... ဦး "

" တိုက်ဆိုင်လိုက်တာ ဒီမှာအလုပ်လုပ်တာလား
ကိုယ်ဖြင့် ခုမှတွေ့တယ် "

ဦးWhere stories live. Discover now