Uni Code
" ဦး ကျွန်တော့်မွေးနေ့ရောက်တော့မှာ... မွေးနေ့မှာ လန်းနေချင်တယ် "
" အဲ့တော့... "
" ဆံပင်အရောင်လေး ရဲရဲလေးလုပ်ချင်တယ် "
" ကိုယ်လည်းလုပ်မယ် ကောင်လေးနဲ့ယှဉ်ရင် ကိုယ်လည်း လန်းနေမှဖြစ်မှာ "
သူ့ထက် ကိုးနှစ်လောက်ငယ်သည့်ချာတိတ်ကလေးနဲ့တွဲနေရတဲ့အခါ ဒီကောင်လေးနဲ့အပြိုင် သူလိုက်လန်းနေနိုင်မှ တူဝရီးလား ညီအစ်ကိုလားဆိုသည့်ပြဿနာတွေကို ရှောင်နိုင်လိမ့်မည်။ ခက်တာက သူ့ကလေးလေးမှာ နုနုဖောင်းဖောင်းလေးနဲ့ အလွန်လှသည်ကြောင့် ဂျွန်ဂျောင်ဂုမှာ ကလေးထိန်းနှင့်ပင် တူနေသည်။
" ရပါတယ် ဦးက လန်းပြီးသားပေမယ့် အတူတူလုပ်ချင်တယ်ဆိုလည်း ရတာပဲ... ဘာရောင်လေးဆိုးချင်တာလဲ "
" အပြာရောင်... ကိုယ်နဲ့ကောင်လေး ပေါင်းလိုက်ရင် BTS ထဲကတစ်ယောက်ပြောတဲ့ အိုင်ပါပယ်ယူလေးဖြစ်မှာ "
" BTS လည်းသိလိုက်တာပဲလား "
အနီရောင်ဆံပင်တွေလှန်တင်ထားပြီး နေကာမျက်မှန်အညိုပြေပြေလေးတပ်ထားတဲ့ အာ့တစ်ဂျီမင်းက ရူးခါနေအောင်ကို လှနေခဲ့သည်။ ဘေးက Undercut နဲ့ ဆံပင်အပြာတွေကို ခပ်မြောက်မြောက်စုစည်းထားခဲ့တဲ့ ဘဲကြီးဂျောင်ဂုမှာလည်း ခေါင်းနီလေးကို ကောင်မလေးတွေ ကောင်လေးတွေ ငေးငေးသွားတာကြောင့် အံတကြိတ်ကြိတ်ဖြစ်နေသည်။
ဆံပင်အရောင်တွေ ချိန်းပြီးတဲ့အခါ အမေရိကားကို ခရီးထွက်လာခဲ့ကြခြင်းဖြစ်၏။
ဂျောင်ဂုမှာ ယခုအခြေအနေကြီးအား ဘယ်လိုမှမခံစားနိုင်တော့သောကြောင့် ရှေ့က ဆံပင်လေးလှန်ကာ သပ်ကာဖြင့်သွားနေသူ၏ခါးကို ဆွဲဖက်ယူလိုက်ပြီး သူနှင့်ကပ်ကာ လမ်းလျှောက်စေသည်။
" ဟင်... ဘာလို့လဲ ဒီလိုကြီးသွားရတာ ခြေထောက်တွေလှမ်းရခက်တယ်လေ နည်းနည်းလျှော့ပေးဦး "
" ငြိမ်ငြိမ်နေ... မဟုတ်ရင် ဒီနေရာမှာပဲ ဆွဲဖက်နမ်းပစ်မိလိမ့်မယ် "
ဦးက နေရာမရွေး ကိုယ့်ထက်လက်ရဲဇက်ရဲရှိလှသည်မို့ ဂျီမင်း ငြိမ်နေလိုက်တော့သည်။ Walmart ထဲ လိုအပ်သည်များနှင့် သရေစာမုန့်များပတ်ဝယ်နေရင်း တစ်နေရာအရောက် သည်းမခံနိုင်တော့ဟုဆိုကာ ခေါင်းအပြာကြီးမှ ခေါင်းနီလေးအား ခိုးနမ်းလိုက်သည်။

YOU ARE READING
ဦး
Fanfictionပန်းကလေးတွေက အချစ်ခံဖို့ မွေးဖွားလာတာ ဦးသိလား။ ကျွန်တော်ကလည်း မိသားစုပြီးရင် ဦးချစ်ဖို့ ဦးကိုချစ်ဖို့ မွေးဖွားလာတာဗျ။