💌 02 💌

703 43 1
                                    

Uni Code

အသက်နှစ်ဆယ့်ငါးက ကြီးတယ်လို့လည်းပြောလို့မရသလို ငယ်ပါသေးတယ်လို့လည်း ပြောလို့မရသည့်အပိုင်းအခြားတစ်ခုပင်။ အသက်တစ်နှစ်ကြီးလာလေ အတွေးတွေပြောင်းလာလေဖြစ်သည်။ အချစ်ရေးဆိုလည်း နားလည်မှုရှိပြီး ကိုယ့်ကိုပျော်ရွှင်စေသူ၊ ကိုယ့်ထက်မမြင်ရင်တောင် ကိုယ်နဲ့လယ်ဗယ်တူပြေးနိုင်သည့်သူ စသဖြင့် သတ်မှတ်ချက်ကလေးတွေ ထားတတ်လာသည်။ ဒါမှလည်း ရေရှည်သွားနိုင်မယ့် ဆက်ဆံရေးတစ်ခုရလိမ့်မယ်မဟုတ်လား။

အခုလည်း ဦးကို ဂျီမင်းကြိုက်မိနေသည့်အခြေအနေလေးမှာပဲ ရှိနေသေးသည်။ ချစ်ပါတယ်ဟု အတတ်မပြောနိုင်သေးပါ။

ဂျီမင်း " နောက်တစ်ခါထပ်တွေ့တာနဲ့ ဖူးစာပဲ ပန်းတွေပေးပြီး လိုက်ပစ်မယ်" ဟု ကြုံးဝါးကာ နေ့တိုင်း ကုမ္ပဏီသို့သွားကာ ပုံဆွဲသည်။ အရင်ကတော့ ပုံဆွဲမယ်ဆို အိမ်က သူ့အခန်းထဲမှာပဲ တစ်နေကုန်တစ်နေခမ်း အခန်းထဲကမထွက် ဆွဲသည်။ အခုတော့ အပြင်ထွက်ရမည့်အကြောင်းရင်းလေးက ရှိလာပြီမို့။

သို့သော်..သို့သော် ရင်နာစရာဟုပင် ဆိုရမည်။ တစ်လကြာသည်အထိ ဦးရဲ့အရိပ်ကိုပင် ထပ်မတွေ့ရတော့ပေ။ ဖူးစာမဟုတ်ခဲ့ဘူးနေမည်။ ဒီလောက်ထိ ရက်စက်မှဖြစ်မှာလားဟု အော်မေးချင်သော်လည်း တရားခံကဘယ်သူရယ်ပါလို့ လက်ညိုးထိုးမေးစရာမရှိခဲ့ပေ။ ထုံးသံအတိုင်း ကံကိုပဲပုံချလိုက်တော့မည်။

" သားလေး ဒီနေ့ရော ကုမ္ပဏီကို မသွားတော့ဘူးလား "

စိတ်မကောင်းသလိုလိုနှင့် ရွှင်မြူသံပါနေသောလေသံကို နားထောင်ကြည့်ရုံနဲ့တင် ငိုချင်သည်။ မေမေ့မျက်နှာ ဘယ်လိုအမူအရာရှိနေမလဲ သူလှည့်မကြည့်ဘဲကို သိသည်။ မေမေဟာ သပ်သပ်လာရန်စနေခဲ့ပြီ။

" မေမေရာ လာမစပါနဲ့ဗျာ ဒီသားလေးကို သနားရင်ပေါ့ "

" သားစိတ်ညစ်နေမှာစိုးလို့ မေမေက ပျော်အောင် စပေးတာကို "

" သားမိချင်း မသိစရာဘာမှမရှိဘူးနော် မေမေ
မေမေပါးစပ်ဟတာနဲ့ အူဘယ်နှခွေရှိလဲ သားအကုန်သိတယ် မေမေ့ဗိုက်ထဲ ကိုးလ ဆယ်လအထိ နေလာခဲ့တဲ့သူဗျ! "

ဦးWhere stories live. Discover now