နံနက်ခင်း breakfast ဝိုင်း ဆီ တေး ရော က်တော့ လေး လေး က စား လက်စပင်ဖြ စ်နေ လေ ပြီ ။စား ဖို့သော က်ဖို့ကိစ္စ တေး စီစဥ်ပေး ရမလား မေး ဖူး ပေ မဲ့ လေးလေး က တေး ကို အား နာ လို့ထင်ပါ ရဲ့ ။သူတို့ဟိုတယ်က chefတစ်ယော က်ကိုပဲ အိမ်အတွက် သီး သန့်ပြ င်ဆင်ဖို့ တာ ဝန်ပေး ထား သည်တဲ့လေ ။
"သြော် သား ပျိုး ကိုပြော ဖို့ လေး လေး မေ့ နေ တာ ၊အိမ်က အခန်း တံခါး တွေအကုန် လက်ဗွေ တွေ နဲ့ချ ည်း လုပ်ထား တာ လေ ။အဲ့တော့ သား ပျိုး လက်ဗွေသွင်း ထား မှအဆင်ပြေ မယ်"
ထိုစကား ကြော င့် တေး သော က်လက်စ ကော် ဖီခွက်လေး ကို ကျ စ်ခနဲဆုပ်ကိုင်မိလိုက်၏။
ဖြ စ်နိုင်ရင် လက်ဗွေဆိုတဲ့အသံကို တေး ထပ်မကြား ချ င်တော့ တာ ။ထိုလက်ဗွေ ကြော င့်ပင် တေး ......။ဟင့်အင်း ထိုခံစား ချ က်ကြီး ကို ပြ န်တော င် မတွေး ရဲ။သို့ပေ မဲ့ တေး လည်ပင်း လေး တစ်ဝိုက်မှာ တော့ ကြ က်သီး မွေး ညင်းတို့ ဖြ န်း ခနဲ ထသွား ရသည်။"သား ပျိုး လေး လေး ပြော တာ ကြား လိုက်ရဲ့ လား "
"ဟို....ဟို တေး "
တေး ရဲ့ အတွေး လွန်နေ မှုကို ရိပ်မိသွား ပုံရတဲ့လေး လေး က တဲ့တိုး ကြီး မေးလာ သော အခါ တေး ဘယ်လို ပြ န်ဖြေ ရမှန်း ပင် မသိတော့ ပါ ။မဖြ စ်စဖူးအာ ရုံပျံ့ သွား မိတဲ့ မိမိအခြေ အနေ ကြော င့် တေး လေး လေး ကို အား နာ မိသလို ကိုယ့်အတွေး တွေ ကိုယ်လည်း မလုံမလဲဖြ စ်ရပြ န်သည်။
"အေး ကွယ် ထား ပါ ။လေး လေး ပြောလိုက်တာ က ခဏနေ လက်ဗွေသွင်းဖို့ နန္ဒကိုခေါ် လိုက်မယ်လို့။သား ငယ်က သူ့ကိုတော့ ပြ ထား တယ်။တကယ်ကလေး လေး ကျ န်း မာ ရေး အခြေ အနေ ကြော င့်လေ ။တစ်ခုခုဆိုအလွယ်တကူ ဝင်ထွက်လို့ရအောင် သော့ ထက် လက်ဗွေ ကိုရွေး ချ ယ်လိုက်တော့ တာ "
"တကယ်တော့ တေး လက်ဗွေ တွေ သွင်း ပြီး ပါ ပြီ "
"ဟေ !ဟုတ်ကဲ့လား "
လေး လေး ရဲ့ အံ့သြ တကြီး တုံ့ပြ န်မှုကြော င့် တေး မှာ သူခိုး လူမိသလိုပင်ခံစား လိုက်ရသည်။တကယ်ဆို တေး လည်း ဘယ်ပြော ချ င်ပါ့ မလဲ။ဒါ ပေ မဲ့ ဒါကြီး က မပြော လို့လည်း ဖြ စ်မှမဖြ စ်တာ ။တော် ကြာ စက်ဆီရော က်မှ သိရရင်
ပို အရှက်ကွဲမှာ လေ ။