Part.1

56.3K 1.1K 54
                                    


ကောင်းကင်ပြာပြာအောက်တွင်ကား ရောင်စုံစက္ကူစွန်လေးများက မည်သည့်ပူပင်ရာမှမရှိသည့်နှယ် လေနှင်ရာအတိုင်း ကူးလူးရွက်လွှင့်နေ ကြသည်။ ကြည်ပြာရောင်ကောင်းကင်၏ဆန့်ကျင်ရာတွင်ရှိသော မြက်ခင်းပြင်စိမ်းစိုစိုပေါ် တွင်ကား လောကကြီးအကြော င်း စပါးလုံးတစ်စေ့သာတောင် မသိရှိသေးသည့် ပကတိဖြူစင်သောနှလုံးသားနှင့် လူမမည်ကလေးငယ်များ ။ ဟိုတစ်စုဒီတစ်စု ပြေးလွှားဆော့ကစားရယ်မော ပျော်ရွှင်နေကြသည်မှာနောင်နေ့ရက်များတွင် အမျိုးမျိုးအဖုံဖုံ ပြောင်းလဲသွားနိုင်သည့်အနာဂတ်ကိုစိတ်မဝင်စားသည့်နှယ်။ တစ်ခါတစ်ခါ ပျံ့လွင့်လာတတ်သည့် ခပ်စူးစူးအသံလေးများနှင့်အငြင်းစကားများက ပြေးလွှားနေရသည်ကိုပင် မမောနိုင်မှန်းသိသာစွာရှိသလို၊ ထိုအသံများနှင့်လားလားမျှ မဆိုင်သလိုနေနေကြသည့်အုပ်စုကလည်း သာယာလှပသော လောကအလှကို ရောင်စုံပန်းချီလေးများဖြင့် ပုံဖော်နေဟန်။ ပန်းချီဆွဲနေသည်ဟုယူဆရမည့် အကြောင်းပြချက်မှာကား စာရွက်ဖြူဖြူပေါ် ၌ စွန်းထင်းနေသည့်ကာလာစုံဆွဲချက်များကြောင့်သာ ။ ထိုမျှမကသေးမိခင်ရင်တွင်းခိုလှုံနေရမည့်အရွယ်များကိုပါ ထိုင်ကွင်းပုခက်မျိုးစုံဖြင့် ချီပိုးချော့မြှူနေကြသည်မှာ လူသားချင်းစာနာထောက်သောစိတ်ရင်းအစစ်မှန်များနှင့်။ ထိုမြင်ကွင်းမှာအခြားတော့မဟုတ်။လွှမ်းရိပ်ခြုံ မိဘမဲ့ဂေဟာလေး၏ နံနက်ခင်းမြင်ကွင်းပင်။ လူမှန်းသိတတ်ပါပြီဆိုတဲ့အရွယ်ကတည်းက မစိမ်းသက်ခဲ့သောဤမြင်ကွင်းသည် သူ့အတွက်တော့ ဘယ်သောအခါမှရိုးအီသွားနိုင်ဖွယ်မရှိသည့် အဖိုးတန်ပန်းချီကားတစ်ချပ်လို။ ဤမြင်ကွင်းဤနေရာ ဤလူမမည်ကလေးပေါင်းများစွာကို သူဆုံးရှုံးရတော့မည်လား ။မဟုတ်.....!သူလုံးဝအဆုံးရှုံးခံမည်မဟုတ်ပေ ။ ရွေးချယ်ခွင့်ဆိုတာမရှိခဲ့သည့် ပြဿနာအရှုပ်ထွေးများ၏နောက်ဆုံးအဖြေကား တစ်ခုတည်းသောဖြေရှင်းချက်ထံသို့သာ ဆိုက်ဆိုက်မြိုက်မြိုက်တွန်းပို့လျက်ရှိသည်။ တစ်လက်လက်တောက်ပနေသည့် မြစိမ်းရောင်ကျောက်တို့ဖြင့်ထွင်းထုထားသော ဘယ်ဘက်လက်ခလယ်ရှိ လက်စွပ်ကို ခပ်ဖွဖွပွတ်သပ်ရင်း သက်ပြင်းချနေမိသည်မှာ အကြိမ်ကြိမ်။

ဖတ်စေချင်ရုံသက်သက်ပါWhere stories live. Discover now