တစ်ပတ်ဆိုတဲ့အချိန်ကာလတစ်ခုပြီးဆုံးခဲ့ပေမဲ့ စေ့စပ်မည်ဆိုတဲ့ကာယကံရှင်နှစ်ဦးနှစ်ဖက်လုံး ရဲ့အခြေအနေဟာတိုးတက်မလာခဲ့။ယုတ်စွအဆုံးတစ်ယောက်နဲ့တစ်ယောက်ပင်မျက်နှာချင်းမဆိုင်ဖူးသေးတာဖြစ်သည်။ တေးဟာလည်းတကူးတကတွေ့ဆုံနေဖို့ထိစိတ်မကူးတာကြောင့် အလုပ်ထဲမှာပင်အာရုံအလုံးစုံကိုနှစ်ထားလိုက်သည်။ဂရုစိုက်တဲ့တစ်ခုသောအရာက လေးလေး ပင်ဖြစ်သည်။လေးလေး ကြည်ဖြူသဘောတူရင်ရပြီ ။ချစ်တာတွေမေတ္တာတွေနဲ့ရှေ့ဆက်မယ့်ဇာတ်လမ်းမှမဟုတ်ဘဲ။ တစ်ဖက်ကလည်းထိုသို့တွေးထား၍လားပင်မသိ၊ တေးအကြောင်းစုံစမ်း သည်ဟုအနံ့ရသည်မှလွဲ၍ဘာမှဆက်ဖြစ်မလာ ခဲ့။ မနေ့ညကလေးလေးဆီကိုသာကြောင်းမာ ကြောင်းဖုန်းဆက်တော့သိပ်နေမကောင်းကြောင်း သိရ၍တေးစိတ်ပူကာအပြေးအလွှားလာမိသည်။ဒါဟာ ဘာမျှော်လင့်ချက်မှမပါသည့်နဂိုစိတ်ရင်းခံစားမှုပင်။တေးလိုတစ်ခါမှမမြင်ဖူးမတွေ့ဖူးသည့်သူစိမ်းတစ်ယောက်ကိုစတွေ့ကတည်းကသံသယတစ်စက်မဝင်ဘဲ တေးစကားအားလုံးကို ယုံပေးခဲ့သူ။စေ့စပ်ပွဲလုပ်ဖို့ကိုတောင်သူ့တူအရင်း ခေါက်ခေါက်သဘောဆန္ဒအစားတေးရဲ့စိတ်ရင်းဆန္ဒကိုဦးစားပေးမေးခဲ့သူ။ကိုယ့်သွေးရင်းသား ရင်းတွေကတောင်လျစ်လျူရှုထားတဲ့တေးသဘောထားကိုထည့်တွက်ပေးခဲ့သူ။အဲတာတွေ ကြောင့်လေးလေးဟာတေးသတ်မှတ်လိုက်သည့် တေးရဲ့မိသားစုဝင်တစ်ယောက်။ကိုယ့်မိသားစုဝင်တစ်ယောက်ကိုပြုစုစောင့်ရှောက်ရမည့်တာဝန်တေးမှာအပြည့်ရှိသည်။တေး လေးလေး တို့ခြံရှေ့ရောက်တော့လူခေါ်ခေါင်းလောင်းပင်မတီးရသေးခြံတံခါးကအလိုလိုပွင့်လာသည်။ဘေး ဘီကိုအကဲခတ်လိုက်တော့ခြံဝကCCTVလက်ချက်မှန်းသဘောပေါက်သွား၏။ သားရိုင်းတို့အလယ်ကျက်စားနေရသည့်စီးပွား ရေးသမားပီပီတေးအရာရာကိုလက်လွတ်စပယ်ပစ်မထားတတ်။အစကတည်းက သတိကြီးသူ ပီပီရောက်လေရာပတ်ဝန်းကျင်ကိုအကဲခတ်တတ်တာအကျင့်လိုဖြစ်နေသည်။ပထမတစ်ခေါက်နည်းတူအသားညိုညိုအရပ်ရှည်ရှည်လူကပဲအိမ်တွင်းဝင်ဖို့ဦးဆောင်ခေါ်လာလေသည်။မတူတော့သည်ကတေးကိုခေါ်လိုက်သည့်သူဌေးလေးဆိုတဲ့အခေါ်အဝေါ်ပင်။ ကားပေါ်မှဆင်းဆင်းချင်းခေါ်လိုက်တာကြောင့်တေးကိုယ့်ကိုခေါ်တာမှဟုတ်ပါ့မလားမှင်တက်နေတုန်းမျက်နှာတည့်တည့်ကိုကြည့်ကာနောက်ထပ်တစ်ကြိမ်ခေါ်လာလေတော့မှတေးပျာပျာသလဲငြင်းဆန်လိုက်ရ
တော့သည်။တေး ဒီလိုအခေါ်အဝေါ်တွေကိုမနှစ်မြို့ ။ခေါ်ခံရလို့လည်းဂုဏ်ယူမနေပါ ။ ဘယ်လိုပင်ဖြစ်ဖြစ်လူလူချင်းပဲလေ ။ကိုယ့်ထက်ငယ်သောကြီးသောမသိထမင်းရှင်ဖြစ်တာနဲ့ ပြား ပြားဝပ်နေရတော့မည်လား ။မဖြစ်သင့်ပါ ။ လေးစားမှုဆိုတာနားလည်သော်ငြားတကယ့်ဆက်ဆံရေးတစ်ခုမှာအခေါ်အဝေါ်ကအများကြီး ပြောင်းလဲနိုင်စွမ်းရှိလေသည်။မည်သည့်တားဆီး ပိတ်ဆို့မှု၊ဟန်ဆောင်မှုမှမပါဘဲအရင်းနှီးဆုံး ဆက်ဆံရေးတစ်ခုဖြစ်သွားစေနိုင်သလို၊ တံတိုင်း အထပ်ထပ်ကာရံထားသည့်ကန့်သတ်ချက်တွေ ကိုလည်းဖန်တီးနိုင်လေသည်။ထို့ကြောင့် တေးအနေနှင့်ဂေဟာပိုင်ရှင်၊ကုမ္ပဏီရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်ပါသော်ငြားဘယ်တော့မှအထက်စီးမဆန်။သင့်တော်ရာအသုံးနှုန်းဖြင့်သာလွတ်လွတ်လပ်လပ်ဆက်ဆံတတ်သူဖြစ်သည်။ ထိုခြံအကူဖြစ်ပုံရတဲ့သူဟာတေးထက်အသက်ကြီးပုံရတာကြောင့် ထိုသို့မခေါ်ပါရန်ငြင်းသော်ငြားဘဘကြီးကိုယ်တိုင်ခေါ်ခိုင်းတာဟုပြောလာလေတော့ တေးထပ်၍ဖိအားမပေးတော့ပေ ။ ဟုတ်ပါတယ်လေ ။သူတို့ကငယ်သားပဲ။ဘယ်လွန်ဆန်ရဲပါ့ မလဲ။လေးလေးကိုတေးကိုယ်တိုင်ပြောဖို့ပဲဆုံးဖြတ်လိုက်သည်။
YOU ARE READING
ဖတ်စေချင်ရုံသက်သက်ပါ
Actionဘယ်သူ့ဘယ်သူမှ ထိခိုက်စေလိုချင်းမရှိပါ စာလုံးလေးတွေကိုအချိန်အားသလောက် ပြန်လည်ပြင်ဆင်ပေးနေပါတယ် အခုဖက်ရတာအဆင်မပြေဖြစ်နေရင်လည်း အကုန်ပြန်ပြင်ပြီးမှဖက်ချင်ဖက်ကြပါဗျ 😁