⚠This part contains mature scenes.Read at your own risks⚠
"Cheer!"
ခွက်ချ င်း တိုက်သံတွေ ပလုံစီသွား ပြီး နောက်......
"သူများနဲ့စေ့စပ်တာပျက်ပြီး ကိုယ်နဲ့လက်ထပ်ရအောင်လုပ်နိုင်တဲ့ကောင်အတွက် ရင်ထဲအသည်းထဲကကိုဂုဏ်ပြုပါတယ်ကွာ "
မှူးခန့်ပိုင်ရဲ့မဟာ့မဟာဂုဏ်ပြုစကားကြီးကြောင့် ခန့်ထည်မျက်နှာကြီးရှုံ့မဲ့သွားရသည်။ထိုစဥ် မာနနဲ့စက်နေမှာတော့ယမကာခွက်ကိုမော့ရင်းပြုံးစစ။ ခန့်ထည်ဝါမင်းဆိုတဲ့ကောင်တစ်နေကုန်အူမြူးနေပြီးယနေ့ညအတွက်ဒကာရှင်ဖြစ်သွား ရတဲ့အကြောင်းအရင်းမှာအသည်းကွဲသမားဖြစ်လိုက်၊ဗီလိန်ဖြစ်လိုက်နဲ့သူအသည်းအသန်လိုက်ခဲ့ရသောဆရာဝန်မလေးကမီးစိမ်းပြလိုက်လို့ဟုသိရသည်။နှစ်ဖက်မိဘတွေကပါသဘောတူကြပြီး မကြာခင်လက်ထပ်ပွဲကျင်းပတော့မယ့်အဆင့်ဆိုပဲ။ဘယ်လိုပြောရမလဲ ... ဗီလိန်လုပ်ရကျိုးနပ်သွားတာပေါ့ ။
"ငါနည်းနည်းတော့ဘဝင်မကျဘူးကွ၊အဖွဲ့ထဲမှာ မင်းတို့နှစ်ကောင်ကငါတို့နှစ်ယောက်ထက်အရင် ခြေချုပ်မိသွားတဲ့ကိစ္စကိုလေ "
စက်နေတကယ်ကိုဘဝင်မကျတာပါ ။ဘယ့်နှယ့် ခြေချင်းလိမ်အောင်ပွေရှုပ်နေကြတဲ့ကောင်တွေ က အရင်လက်ထပ်သွားကြရတယ်လို့။မိုးတစ်လုံးလေတစ်လုံးပြောတဲ့ မာနတံကွန်ဆိုတဲ့ကောင်ဆိုပိုဆိုး ။ လက်ထပ်တာတွေစေ့စပ်တာ တွေနောက်ထား ၊ တစ်ယောက်ယောက်နဲ့အတည်တွဲဖို့တောင်စိတ်ကူးမရှိခဲ့ကောင်ကလပိုင်းအတွင်းမှာတင်အိမ်ထောင်သည်ဘဝတန်းရောက်သွားခဲ့သည်။ခန့်ထည်လည်းဘာထူးတုံး ။မာနလောက်သာမဆိုးမယ်မရှင်းမရှင်းအဆွယ်အပွား တွေအများသား ။ ရှင်းရှင်းပြောရရင်ဘဝကိုပေါ့ပေါ့တန်တန်ဖြတ်သန်းနေတဲ့နှစ်ကောင်ကလက်ထပ်တယ်ဆိုတဲ့ချုပ်နှောင်ခြင်းဆီကျ လိုလိုလားလားကြီးကူးခတ်သွားနေကြတာ ၊ သင်္ကာမကင်းဖြစ်ဖွယ်ပါပဲ။
"အားကျရင်အားကျတယ်ပေါ့ ၊ဝန်ခံလိုက်စမ်းပါ စက်နေရ"
"ဘာကိုအားကျရမှာလဲ၊အမျှင်အတန်းတွေစိတ်မဝင်စားလို့တောင်အေးဆေးနေနေတာ "
"မရှိသေးလို့မင်းဒီစကားပြောတာပါ ။အမျှင်တန်း လေးသာရှိကြည့်ပါ့လားဇွတ်ကြိုက်သွားလိမ့်မယ်။ဟုတ်တယ်မလား မာန"